ဖိလစ်ပိုင်တွင် တစ်ရက်တည်း လူ ၁၁၄၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရပြီး လူ ၂၀ ဦးသေဆုံး

ဖိလစ်ပိုင်တွင် တစ်ရက်တည်း လူ ၁၁၄၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရပြီး လူ ၂၀ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၂၄ ရက်တစ်ရက်တည်းမှာပင် လူ ၁၁၄၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်မံကူးစက်ခံရပြီး ရောဂါပိုးကူးစက်မှုကြောင့်  လူ ၂၀  ဦး သေဆုံးသွားကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုအခါ  နိုင်ငံအတွင်းရှိ  ရောဂါပိုးကူးစက်ခံရသူအရေအတွက်သည် ၄၀၂၉၂၀၁ ဦးအထိ  မြင့်တက်လာပြီး သေဆုံးသူဦးရေမှာလည်း ၆၄၅၂၄ ဦး ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လူဦးရေ ၁၃ သန်းကျော်နေထိုင်သည့် မနီလာမြို့ပြဒေသအတွင်းမှာပင် ရောဂါပိုးထပ်မံကူးစက်ခံရသူ အရေအတွက် မှာ ၃၂၁ ဦးရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း၌ လူဦးရေသန်း  ၁၁၀ ကျော်ရှိသော်လည်း လူ ၇၃ ဒသမ ၇ သန်းခန့်ကိုသာ ကာကွယ်ဆေးအပြည့်အဝ ထိုးပေးထားနိုင်ကြောင်း သိရသည်။   

Ref: CN