မိတ္ထီလာမြို့နယ်၌ စာဆိုတော်နေ့အခမ်းအနားကျင်းပ

မိတ္ထီလာ၊ စာပေရေးရာ

မိတ္ထီလာမြို့နယ်၌ စာဆိုတော်နေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် စာဆိုတော်နေ့အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ တင်တော်က မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြား သည်။ ထို့နောက် ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့်ဝတ္ထုတိုများ ပေါင်းချုပ်ဖြင့် ၂၀၂၀  ပြည့် နှစ်  စာပေဗိမာန်စာမူဆု   တတိယဆုနှင့်   အလင်းမီးတိုင်နေလပြိုင် ၍  ထွန်းလင်းပြလိုက်ချင်  ဝတ္ထုရှည်ဖြင့် ၂၀၂၀   ပြည့်နှစ်   ပခုက္ကူစာပေဆု ဝတ္ထုရှည် ပထမဆုရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် ခေတ်စမ်းချိန် ကဗျာပေါင်းချုပ်ဖြင့် ၂၀၂၀ ပြည့်နှစ် ပခုက္ကူစာပေဆု ကဗျာပေါင်းချုပ် တတိယဆုရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ကဗျာဆရာ ကြည်သိန်းဇော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စာဆိုတော်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင်  ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လစဉ်ကျင်းပသော စာဖတ်ဝိုင်း၌ စဉ်ဆက် မပြတ်တက်ရောက် ဆွေးနွေးခဲ့သည့် Book Club အသင်းဝင်တစ်ဦး တို့အား ဂုဏ်ပြုဆုများကိုတာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

(၆၀၂)