အသေးစားစီးပွားရေးလုပ်ငန်းထူထောင်ခြင်းနည်းပညာ ToT (Online) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖွံ့ဖြိုးရေး

အသေးစားစီးပွားရေးလုပ်ငန်းထူထောင်ခြင်းနည်းပညာ ToT (Online) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အသေးစားစီးပွားရေးလုပ်ငန်း ထူထောင်ခြင်းနည်းပညာ ToT (Online) သင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။  

တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များအား Business Plan ရေးဆွဲနည်းအသိပညာများအား ပြန်လည် ဖြန့်ဝေပေးနိုင်ရန်၊ MSMEs ချေးငွေများထုတ်ချေးသည့်အခါ လုပ်ငန်းအခြေအနေများကိုစိစစ်၍ ချေးငွေထုတ်ချေးရာတွင် လွယ်ကူအဆင်ပြေစေရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် အသေးစားစီးပွားရေး လုပ်ငန်းထူထောင်ခြင်းနည်းပညာ ToT (Online) သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။ 

အခမ်းအနားတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းတိုးက အသေးစားစီးပွားရေး လုပ်ငန်း ထူထောင်ခြင်းနည်းပညာသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အရေးပါသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ၎င်းပညာရပ်ကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့်  ဌာနဝန်ထမ်းများအနေဖြင့်  ကြိုးစားလေ့လာမှတ်သားပြီး အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များသို့ စီးပွားရေးလုပ်ငန်းဆိုင်ရာအသိပညာများ ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့်   စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ စတင်စွန့်ဦးတီထွင်ရာတွင် လိုအပ်သည့်လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း နည်းပညာများကိုသိရှိလာစေပြီး  အောင်မြင်သော အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်ရာတွင် များစွာအထောက်အကူ ပြုမည်ဟုယုံကြည်ကြောင်း  ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)ဒေါ်ငြိမ်းအေးက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များနှင့် သင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍   ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ရုံးများမှ ခရိုင်ဦးစီးမှူးများ၊ ရက်ကန်းကျောင်းအုပ်များ အပါအဝင် စုစုပေါင်းသင်တန်းသား ၁၀၅ ဦးအား နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ သင်တန်းနည်းပြ သုံးဦးက စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။            

ဇော်မျိုး(နေပြည်တော်)