ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

စဉ့်ကိုင်၊ သက်မွေးပညာ

ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟို ဌာနခန်းမ၌ နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Youth Club အဖွဲ့ဝင်များနှင့်  Women Club အဖွဲ့ဝင်များပူးပေါင်း၍ ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း(အခမဲ့)ကို ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပလတ်စတစ် ပိုက်ဖြင့် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေါ်ခင်ဆန်း(သင်တန်း နည်းပြ)က ပလတ်စတစ်ပစ္စည်းများဖြစ်သော ဖျော်ရည်ဘူးခွံများ၊ ခေါက်ဆွဲခြောက်ဘူးခွံများ၊ ပိုက်များဖြင့် ပန်းပွင့်ပုံထိုးနည်း၊  ပန်းအိုး အလှဆင်နည်းများကို စနစ်တကျ လက်တွေ့သင်ကြား ပြသပေးသည်။

အဆိုပါ သင်တန်းတွင် Youth Club အဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အုပ်စုအလိုက်အဖွဲ့ခွဲ၍ ပန်းပွင့်ပုံထိုးနည်းနှင့် ပန်းအလှဆင်နည်းများကို လက်တွေ့ဆောင်ရွက်ကြကြောင်းသိ ရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)