မိတ္ထီလာခရိုင်၌ ချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဈေးကောင်းရ

မိတ္ထီလာ၊ စီးပွားရေး 

မိတ္ထီလာခရိုင်၌ ချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဈေးကောင်းရ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ယခုအခါချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဝါခူးဆွတ်ချိန်တွင် ဈေးကောင်းရရှိ၍ ချည်မျှင်ရှည်ဝါ စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်၌ ဝါမျိုးစုံ စိုက်ဧက ၄၂၇၂၁ ဧကစိုက်ပျိုးထားရှိရာ ဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဝါစိုက်ဧကများတွင် အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့် အတိုင်းတွင် ပိုးမွှားကင်းစင်ရေးအတွက်  ကင်းထောက်မှတ်တမ်းကောက်ယူသည့်နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း   ကွင်းဆင်းရန် လိုအပ်လာပါက အပင်သားခွဲခြင်းလုပ်ငန်း၊ ပိုးမွှားကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများနှင့် အပင်ကြီးထွားစေရန် သဘာ၀ မြေသြဇာများ ထည့်သွင်းခြင်းလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက တစ်ဧကခွဲစိုက်ပျိုးထားရှိပြီး အောက်တိုဘာလမှစတင်၍   ငါးရက်တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ဧကလျှင် ဝါပိဿာ ၅၀၀ မှ ၇၀၀ ကြားထွက်ရှိပြီး ရောင်းချရာတွင်လည်း ဝါစတင်ခူးဆွတ်ချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ရောင်းချရကြောင်း၊ လက်ရှိတွင် ဝါတစ်ပိဿာကို ငွေကျပ် ၂၉၀၀ နှုန်းဖြင့် ရောင်းချရ၍ ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။                               

 (၆၀၂)