(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တိုက်ရိုက် ထုတ်လွှင့်မည်

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော် နိုဝင်ဘာ ၃၀

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်က စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၃၀ ရက်ညတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များ ဖျော်ဖြေတင်ဆက်ခဲ့သည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ပြဇာတ်ကြီးကို ပရိသတ်များ၏ တောင်းဆိုချက်အရ ဒီဇင်ဘာ ၁ ရက် ည ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။

အဆိုပါ ပဒေသာကပွဲ၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV-HD  ၊ MRTV Parliament Channel ၊ MWD HD  Channel ၊ MWD Variety HD Channel ၊ MRTV Web& Appတို့မှလည်း ည ၆ နာရီခွဲမှ ည ၈ နာရီအထိနှင့် ည ၉ နာရီမှ ည ၁၁ နာရီအထိ နှစ်ချိန်ခွဲ၍ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသခြင်းကို တစ်ရက်တိုး၍ တင်ဆက်သွားမည်ဖြစ်သည်။