အမေရိကန်က ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ဒရုန်းဖျက်စနစ်များကို ကာတာနိုင်ငံသို့ ရောင်းချပေးမည်

အမေရိကန်က ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ဒရုန်းဖျက်စနစ်များကို ကာတာနိုင်ငံသို့ ရောင်းချပေးမည်

အမေရိကန်နိုင်ငံက ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ဒရုန်းဖျက်စနစ်များကို ကာတာနိုင်ငံသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါရောင်းချမှုသည် ကာတာနိုင်ငံက ရင်ဆိုင်နေရသည့် သို့မဟုတ် နောင်တစ်ချိန်တွင်ရင်ဆိုင်ရမည့် မောင်းသူမဲ့ယာဉ်များ၏အန္တရာယ်မှကောင်းစွာကာကွယ်နိုင်စေမည် ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရောင်းချပေးသွားမည့် ပစ္စည်းစုစုပေါင်းသည်   အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိကြောင်း၊ အဆိုပါရောင်း ချမှုက အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကို ဖြည့်ဆည်းရာ ရောက်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးလုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့က ပြောသည်။

ပင်လယ်ကွေ့ဒေသအတွင်း ဟူသီသူပုန်များ၏ ဒရုန်းများဖြင့်တိုက်ခိုက်မှုမကြာခဏ ဖြစ်ပွားလာပြီးနောက် အဆိုပါ စစ်လက်နက်ပစ္စည်းများကို ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။                  

Ref: TST