တရုတ်နိုင်ငံမှ လူလိုက်ပါသောအာကာသယာဉ် တရုတ်အာကာသစခန်းနှင့်အောင်မြင်စွာချိတ်ဆက်နိုင်

တရုတ်နိုင်ငံမှ လူလိုက်ပါသောအာကာသယာဉ် တရုတ်အာကာသစခန်းနှင့်အောင်မြင်စွာချိတ်ဆက်နိုင်

တရုတ်နိုင်ငံက လွှတ်တင်လိုက်သည့် လူလိုက်ပါသော အာကာသယာဉ်သည် တရုတ်အာကာသစခန်း ဖြစ်သည့် ထျန်ကုန်းနှင့်အောင်မြင်စွာချိတ်ဆက်လိုက်နိုင်ကြောင်း တရုတ်တာဝန်ရှိသူများက ထုတ်ပြန်သည်။

Shenzhou 15 အမည်ရှိ လူလိုက်ပါသော အာကာသယာဉ်ကို  လွှတ်တင်ပြီးနောက် ၆ နာရီခွဲခန့်အကြာ နိုဝင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၂ မိနစ်တွင် အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခြင်းဖြစ်သည်။

ထို့နောက်  ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၃ မိနစ်တွင် Shenzhou 15 နှင့်လိုက်ပါသွားသော အာကာသယာဉ်မှူးများ သည် အာကာသစခန်းအတွင်းသို့ ဝင်ရောက်ပြီး ဇွန်လကတည်းက ကြိုတင်ရောက်ရှိနေသည့် အာကာသယာဉ်မှူးများနှင့် တွေ့ဆုံသည်။

တရုတ်အာကာသစခန်း တည်ဆောက်မှုအစီအစဉ်သည် Shenzhou 15 ကြောင့်သာ ပြီးစီးမည့်အခြေအနေသို့ ရောက်ရှိ နေသောကြောင့်  ၎င်းကိုအသုံးချမှုသည်လည်း မကြာမီတရားဝင်စတင်တော့မည် ဖြစ်သည်။

ထျန်ကုန်းအာကာသစခန်းတည်ဆောက်မှုကို ၂၀၂၁ ခုနှစ် ဧပြီလတွင်စတင်ခြင်းဖြစ်ပြီး  ထိုအာကာသစခန်း၌ ထျန်ဟေး ပင်မအာကာသစခန်းငယ်နှင့်  ဝမ်ရှန်းနှင့်မန်ရှန်းအမည်ရှိ   သုတေသနစခန်းငယ်နှစ်ခုတို့ ပါဝင်ကာ   အင်္ဂလိပ်အက္ခရာတီပုံ သဏ္ဌာန်တည်ဆောက်ထားခြင်း ဖြစ်သည်။

ထိုအာကာသစခန်းသည် အာကာသယာဉ်မှူးခြောက်ဦးကို တစ်ပြိုင်နက်တည်း လက်ခံထားနိုင်ပြီး စခန်း၏ သက်တမ်းက ၁၅ နှစ်ရှိကာ ၂၀၃၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

Ref: Sputnik