Starlink  အင်တာနက်က လစဉ်ကြေးများတိုးမြှင့်ရန်စီစဉ်မှုအပေါ် ယူကရိန်းပြည်သူများစောဒကတက်

Starlink  အင်တာနက်က လစဉ်ကြေးများတိုးမြှင့်ရန်စီစဉ်မှုအပေါ် ယူကရိန်းပြည်သူများစောဒကတက်

အီလန်မက်ပိုင်ဆိုင်သော  Starlink ဂြိုဟ်တုလိုင်းသုံးအင်တာနက်အတွက် လစဉ်ကြေးများ တိုးမြှင့်ရန် စီစဉ်မှုအပေါ် ယူကရိန်းပြည်သူများက စောဒကတက်လျက်ရှိကြောင်း သိရသည်။

ယူကရိန်းနိုင်ငံရှိ Starlink အင်တာနက် အသုံးပြုသူများသည် သက်ဆိုင်ရာကုမ္ပဏီက ပေးပို့သော အင်တာနက်အတွက် လစဉ်ကြေးကို ၆၅ ဒေါ်လာမှ ၇၅ ဒေါ်လာအထိ တိုးမြှင့်ကောက်ခံမည်ဟူသည့် အကြောင်းကြားစာများကို လက်ခံရရှိပြီးနောက် ယခုကဲ့သို့စောဒကတက်လာခြင်း ဖြစ်သည်။

အလားတူ Starlink ကုမ္ပဏီသည် ၎င်းင်းတို့၏ဂြိုဟ်တုအင်တာနက်ကိုဖမ်းယူကာ ပြန်လည်ထုတ်လွှင့်ရာတွင် အသုံးပြုသည့် ဗန်းများကိုလည်း တစ်ခုလျှင် ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၇၀၀ အထိ ဈေးနှုန်းတိုးမြှင့်ရန် စီစဉ်ထားသည်။

အဆိုပါ ဈေးနှုန်းပြောင်းလဲသတ်မှတ်မှုသည် ဒီဇင်ဘာ ၂၉ ရက်မှစတင်အသက်ဝင်မည်ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးမပြုလိုပါက  မည်သည့်အချိန်တွင်မဆိုအသုံးမပြုဘဲနေနိုင်ကြောင်း  ကုမ္ပဏီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံရှှိ Starlink အင်တာနက်အသုံးပြုသူများသည် အခြားသောသူများနှင့်နှိုင်းယှဉ်ပါက သက်သာသော နှုန်းထားဖြင့် အင်တာနက်ရယူ အသုံးပြုနေရခြင်းဖြစ်ပြီး ယူကရိန်းစစ်ဘက်အတွက် ကုန်ကျစရိတ်ကိုမူ အမေရိကန်အစိုးရ၊ NATO တပ်ဖွဲ့၊ အန်ဂျီအိုများနှင့် ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ပေးနေသူများက ကျခံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။          

Ref:RT