အင်္ဂလန်နိုင်ငံရှိဆယ်ကျော်သက်အများအပြား စိတ်ကျန်းမာရေးမကောင်းသူများဖြစ်လာ

အင်္ဂလန်နိုင်ငံရှိဆယ်ကျော်သက်အများအပြား စိတ်ကျန်းမာရေးမကောင်းသူများဖြစ်လာ

အင်္ဂလန်နိုင်ငံရှိ ဆယ်ကျော်သက်လူငယ်အများအပြားသည်   စိတ်ကျန်းမာရေး မကောင်းသူများ ဖြစ်လာနေကာ အရေအတွက်အားဖြင့် သိသိသာသာမြင့်တက်လာကြောင်း သိရသည်။

အထူးသဖြင့် အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြားလူငယ်များတွင်အဖြစ်များလာကြောင်း အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆယ်ကျော်သက်လူငယ် လေးဦးအနက် တစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများနှင့်ရင်ဆိုင်နေရသည်ကို တွေ့ရှိရကြောင်း အဆိုပါထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ယမန်နှစ်တွင်  ထိုကဲ့သို့ကျန်းမာရေးအခြေအနေရှိသူမှာ လူငယ်ခြောက်ဦးတွင် တစ်ဦးသာဖြစ်သည်ကိုလည်း တွေ့ရသည်။

အလားတူ အသက် ၇ နှစ်မှ ၁၀ နှစ်ကြားရှိကလေးငယ်များတွင် စိတ်အခြေအနေမူမမှန်သူအရေအတွက်မှာ ယခုနှစ်၌ နှစ်ဆနီးပါးတိုးမြင့်လာပြီး ယောက်ျားလေးများတွင် ၁၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် မိန်းကလေးများတွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာသည်ကိုတွေ့ရသည်။

ကလေးငယ်များနှင့်ဆယ်ကျော်သက်များတွင် ထိုကဲ့သို့သော စိတ်ကျန်းမာရေး အခြေအနေများ ဖြစ်ပေါ်လာရခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဆက်စပ်နေကြောင်း သုတေသီများက ယူဆထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် နေထိုင်ရေးကိစ္စရပ်များအပေါ် ကြီးစွာ သောအကျိုးသက်ရောက်မှု ရှိစေကြောင်း သုတေသီတစ်ဦးက ပြောထားသည်ဟု သိရသည်။                     

  Ref: RT