ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦးအတွက် ကျောင်းဝတ်စုံများ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအား တိုင်းမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရယူကြသည်။

          အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှလည်း တပ်မတော် သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ၊ စာရေးကိရိယာ များနှင့် အသုံးအဆောင်ပစ္စည်းများအား တပ်နယ်အလိုက်တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။