နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့မ

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များ က သွားရောက်ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်၊ ဒီဇင်ဘာ  - ၃

မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေ အသီးသီးတွင် မိဝေးဖဝေးနှင့် မိသားစု ဝေးကွာစွာဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နေမအားညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့် တပ်ဖွဲ့များ တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်နှင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေး အဖွဲ့သူအဖွဲသားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ က ကျောပိုးအိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ  ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများသို့  မိသားစုများ ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျ သွားရောက် ဂုဏ်ပြု ဖျော်ဖြေသီဆို ကပြ လျက်ရှိသည်။

          ထိုသို့ရှေ့တန်းစခန်းများရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်ဖွဲ့ များအား သွားရောက်ဂုဏ်ပြု သီဆိုကပြ ဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နှင့် ယနေ့တို့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ရှေ့တန်းစခန်များနှင့် မြဝတီ၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီးတို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့သူအဖွဲ့သားများ၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ခေတ်ပေါ်တေးသီချင်းများ၊ ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ရှေ့တန်းစခန်းများ နှင့် တပ်ရင်းဌာနချုပ်များရှိ တပ်မတော်သားများနှင့် မိသားစုဝင်များ၊  နယ်ခြားစောင့် တပ်ဖွဲ့များက လုံခြုံရေးအရ အလှည့်ကျစနစ်ဖြင့်  စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာ ဖြင့် ကြည့်ရှုအားပေး၍ အချို့ စစ်သည်များမှာလည်း လွတ်လပ်ပေါ့ပါးစွာဖြင့် ပါဝင် သီဆို  ကြသည်။ ရှေ့တန်းစခန်းအလိုက်နှင့် ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လာရောက်သီဆို ဖျော်ဖြေပေးကြသည့် ဖျော်ဖြေရေးအဖွဲ့များကိုလည်း ဂုဏ်ပြုဆုငွေများ  ပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။