အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထားဂရုပြုတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်း အားကစားပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီမှကြီးမှူး၍ ယနေ့နံနက် ၈ နာရီတွင် လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌  ကျင်းပသည်။

ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကားပြောကြားပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် (နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုးက ပြိုင်ပွဲဝင်အားကစားသမားများကို နှုတ်ခွန်း ဆက်အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်မသန်စွမ်းအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ Wheel Chair မီတာ ၁၀၀ (ကျား) အပြေး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလည်း ကောင်း၊ မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကို နေပြည်တော် ကောင်စီအဖွဲ့ဝင် (နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ) ကလည်းကောင်း၊ မီတာ ၁၀၀ (ကျား/မ) အပြေးပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ကြသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အမျိုးအစားနှစ်မျိုး ကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မသန်စွမ်းအားကစားသမား ၁၄ ဦးဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)