ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုပထမဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် ပထမဆုံး အာဖရိက အသင်းအဖြစ် မော်ရိုကိုအသင်းမှတ်တမ်းဝင်

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုပထမဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် ပထမဆုံး အာဖရိက အသင်းအဖြစ် မော်ရိုကိုအသင်းမှတ်တမ်းဝင်

ဒိုဟာ၊ ဘောလုံး

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အုပ်စုပထမ ဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် ပထမဆုံး အာဖရိက အသင်းအဖြစ် မော်ရိုကိုအသင်းက မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ မော်ရိုကိုအသင်းသည် အုပ်စု(F)တွင် လက်ရှိ ကမ္ဘာ့အဆင့်(၂)နေရာ၌ရပ်တည်နေသော ဘယ်လ်ဂျီယံအသင်း၊ ဥရောပထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် ခရိုအေးရှားအသင်း၊ ကနေဒါအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

မော်ရိုကိုအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ခရိုအေးရှားအသင်းနှင့် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း အုပ်စုဒုတိယပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သကဲ့သို့ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ်ကစားသည့် ကနေဒါအသင်းနှင့် ပွဲစဉ်တွင် လည်း ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ရမှတ်ခုနစ်မှတ်ရရှိပြီး အုပ်စုပထမဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက် နိုင်ခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဖရိကအသင်းများအနေဖြင့် အုပ်စုအဆင့်တွင်ပင် ရုန်းကန်နေရသော်လည်း မော်ရိုကိုအသင်းက ရလဒ်ကောင်းများရရှိခဲ့ပြီး အုပ်စုပထမဖြင့် တက်ရောက်နိုင်သည့် ပထမဆုံးအာဖရိကအသင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref;Bleacher Report Football