ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဝန်ထမ်းများ  လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီးနည်းပညာ ကျွမ်းကျင်မှု အရည်အသွေးမြင့်မား လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)၌ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အမှာစကား ပြောကြားရာ၌ သင်တန်းသားများ အနေနှင့် သင်တန်းက သင်ကြားတတ်မြောက်ခဲ့ သည့်ကျွမ်းကျင်မှုများကို မိမိတို့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် ပြန်လည်အသုံးချရန်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့် သွားကြစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍    အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲတွင်ပထမဆုရ ပန်းဘဲတန်းမြို့နယ်ရုံးမှ ရုံးအကူ ဒေါ်မိုးနန္ဒာ၊ ဒုတိယဆုရ ကျောက်တံတား မြို့နယ်ရုံးမှ ရုံးအကူ ဒေါ်ခိုင်သဇင်ကျော်၊ တတိယဆုရ    ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ရုံးအကူ ဒေါ်ဝင့်ဝါနိုင်နှင့် သင်တန်းသားများ အတွက် သင်တန်းဆင်း လက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခြေခံကွန်ပျူတာ သင်တန်းကို အပတ်စဉ်၊ စနေနှင့်တနင်္ဂနွေနေ့တို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း၁၅ ဦး တက်ရောက်သင်ကြား၍ သင်တန်း ကာလ    နှစ်လကြာ   စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။