ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အာရှအသင်းသုံးသင်း ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ပထမဆုံးအကြိမ်ဖြစ်

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အာရှအသင်းသုံးသင်း ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ပထမဆုံးအကြိမ်ဖြစ်

ကမ္ဘာ့ဖလားပြိုင်ပွဲ  သမိုင်းတစ်လျှောက်   ပြိုင်ပွဲစတင်ကျင်းပသည့် အကြိမ်မှစတင်ပြီး   အာရှဇုန်မှ အသင်းသုံးသင်း ၁၆ သင်းရှုံးထွက်အဆင့်သို့ တက် ရောက်နိုင်ခြင်းမှာ   ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲက ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ကာတာနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  အာရှ ဇုန်မှ  အိမ်ရှင်ကာတာ အသင်းနှင့်အတူ  အီရန်၊  ဆော်ဒီအာရေဗျ၊  သြစတြေးလျ၊  ဂျပန်နှင့်   တောင် ကိုရီးယားအသင်းများ   ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တောင်ကိုရီးယား၊  ဂျပန်နှင့်  သြစတြေးလျအသင်း တို့က အံ့အားသင့်ဖွယ်  ၁၆  သင်းရှုံးထွက်အဆင့်သို့ အသီးသီးတက်ရောက်နိုင်ခဲ့ကြသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှဇုန်မှအသင်း များအနေဖြင့် အုပ်စုပွဲစဉ်များတွင် ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်နိုင်ကြပြီး အိမ်ရှင်ကာတာ အသင်းတစ်သင်းသာ    အုပ်စုသုံးပွဲစလုံးရှုံးနိမ့်ပြီး ဆော်ဒီအာရေဗျ၊  အီရန်အသင်းတို့အနေဖြင့်လည်း နောက်ဆုံးပွဲစဉ်အထိ အုပ်စုတွင်းမှ ထိပ်တန်းအသင်း ကြီးများနှင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက် ရန် ကြိုးပမ်းခဲ့သော်လည်း အုပ်စုအဆင့်မှ ကျေနပ်ခဲ့ ရခြင်းဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှဇုန်အသင်းများမှ သြစတြေးလျအသင်းက  ရမှတ်ခြောက်မှတ် ဖြင့်  အုပ်စုဒုတိယနေရာမှတက်ရောက်ခဲ့ပြီး  ဂျပန်အသင်းက အုပ်စုနောက်ဆုံးပွဲစဉ်တွင် စပိန်အသင်းကို အံ့အားသင့်ဖွယ်အနိုင်ရရှိကာ အုပ်စုပထမဖြင့်  တက်ရောက်ခြင်းဖြစ်ပြီး  တောင်ကိုရီးယားအသင်း သည်လည်း  အုပ်စုနောက်ဆုံးပွဲစဉ်တွင်  ပေါ်တူဂီအသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့်  အနိုင်ရရှိပြီး  ရမှတ်  လေးမှတ်ရရှိကာ အုပ်စုဒုတိယဖြင့် ၁၆ သင်းရှုံးထွက် အဆင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်    အာရှအသင်းများ  ၁၆ သင်းရှုံးထွက်အဆင့်သို့ အများဆုံး တက်ရောက်နိုင်ခြင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

                           Ref;90Min