မက်ဆီ သြစတြေးလျ အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ပြီးနောက် ကစားသမားဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်သည့် ကစားသမားဖြစ်လာ

မက်ဆီ သြစတြေးလျ အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ပြီးနောက် ကစားသမားဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်သည့် ကစားသမားဖြစ်လာ

အာဂျင်တီးနားအသင်းနှင့် ပီအက်စ်ဂျီအသင်းကစား သမား မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ  ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်ကစားသည့် အာဂျင်တီးနားအသင်းနှင့် သြစတြေးလျအသင်းတို့ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် ၎င်းင်း၏ကစားသမားဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်အရွယ် မက်ဆီသည် ပရော်ဖက် ရှင်နယ်ကစားသမားဘဝကို   ဘာစီလိုနာအသင်းနှင့် အတူ ၂၀၀၄ ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်ပြီး  ၂၀၀၅ ခုနှစ် မှစတင်ကာ   အာဂျင်တီးနားအသင်းတွင်ပါဝင်ခဲ့ပြီး   နိုင်ငံတကာပြိုင်ပွဲများ စတင်ကစားခြင်းဖြစ်သည်။

မက်ဆီသည် သြစတြေးလျအသင်းနှင့်ကစားသည့် ပွဲစဉ်အပြီးတွင် စီနီယာကစားသမားဘ၀ အာဂျင်တီး နားအသင်းနှင့် ၁၆၈ ပွဲ၊ ဘာစီလိုနာအသင်းနှင့် ၇၇၇ ပွဲ၊ ပီအက်စ်ဂျီအသင်းနှင့်  ၅၅  ပွဲကစားပြီးနောက် ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်ခြင်းဖြစ်သည်။

မက်ဆီသည် ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်ချိန်တွင် ဘာစီလိုနာအသင်းနှင့်အတူ ၆၇၂ ဂိုးအထိ သွင်းယူနိုင် ပြီး ၂၆၉ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ကာ ပီအက်စ်ဂျီ အသင်းတွင် ၂၃ ဂိုးသွင်းယူပြီး ၂၈ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်သကဲ့သို့  အာဂျင်တီးနားအသင်းနှင့်လည်း ပြိုင်ပွဲစုံ ၉၃ ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ်နိုင်ကာ  ကလပ်အသင်း၊ လက်ရွေးစင်အသင်း တို့နှင့်အတူ  ဆုဖလား  ၄၁  လုံးအထိရရှိထားကြောင်း သိရသည်။               

Ref;Opta.com