လူသားနှင့်ကွန်ပျူတာ ချိတ်ဆက်နိုင်မည့် ကိရိယာတစ်ခုကို လူသားတို့၏ ဦးနှောက်အတွင်း ထည့်သွင်း နိုင်တော့မည်ဟု အီလွန်မက်ပြော

လူသားနှင့်ကွန်ပျူတာ ချိတ်ဆက်နိုင်မည့် ကိရိယာတစ်ခုကို လူသားတို့၏ ဦးနှောက်အတွင်း ထည့်သွင်း နိုင်တော့မည်ဟု အီလွန်မက်ပြော

လူသားနှင့်ကွန်ပျူတာတို့ကြား ချိတ်ဆက်မှုများပြုလုပ်နိုင်မည့်ကိရိယာတစ်ခုကို လာမည့်ခြောက်လအတွင်း လူသားတို့၏ ဦးနှောက်အတွင်းသို့ ထည့်သွင်းနိုင်တော့မည်ဖြစ်ကြောင်း နည်းပညာဖြင့်ဘီလီယံနာဖြစ်လာသူ အီလွန်မက်က ပြောသည်။

အီလွန်မက်၏ Neuralink ကုမ္ပဏီက ထုတ်လုပ်မည့်    အဆိုပါကိရိယာသည် လူသားများ၏အတွေးမှတစ်ဆင့် ကွန်ပျူတာနှင့်   တိုက်ရိုက်ချိတ်ဆက်နိုင်စေမည်ဖြစ်ကြောင်း ၎င်းကပြောထားသည်။

အခုလို အခြေအနေကို ရောက်ရှိလာဖို့အတွက် ကျွန်တော်တို့အနေနဲ့  အသည်းအသန်ကြိုးပမ်းခဲ့ရတာပါ။    ဒီပစ္စည်းကို လူဦးနှောက်ထဲမထည့်ခင် လက်တွေ့စမ်းသပ်မှုများကို  ကောင်းစွာလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ဟု အီလွန်မက်ကပြောသည်။

အကြွေစေ့တစ်ပြားစာပမာဏရှိသည့် အဆိုပါ ကိရိယာကို      မျောက်များ၏ ဦးခေါင်းခွံအတွင်း ထည့်သွင်း စမ်းသပ်မှုများ လုပ်ဆောင်ရာ မျောက်အများအပြားသည် ထိုကိရိယာမှတစ်ဆင့် ဖန်သားပြင်ပေါ်ရှိ အခြေခံဗီဒီယိုဂိမ်းများကိုကစားခြင်း၊ ညွှန်ပြမြားကိုနေရာရွှေ့ခြင်းတို့ကဲ့သို့ လုပ်ဆောင်မှုများကို ဆောင်ရွက်ထားနိုင်ကြောင်း တွေ့ရသည်။

Neuralink ကုမ္ပဏီအနေဖြင့် အမြင်အာရုံဆုံးရှုံးထားသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများတွင် ထိုကိရိယာကို ထည့်သွင်းအသုံးပြုသွားနိုင်စေရန် ရည်ရွယ်ထားသည်။

အလားတူကိရိယာများကို ထုတ်လုပ်နေသည့် ကုမ္ပဏီအများအပြားရှိပြီး ၎င်းတို့အနက်တစ်ခု အပါအဝင်ဖြစ်သော  Synchron က ပထမဆုံးသော ကိရိယာကို လူသား၏ ဦးနှောက်အတွင်း ထည့်သွင်းပေးထားနိုင်ပြီဟု ဇူလိုင်လတွင် ကြေညာထားကြောင်း သိရသည်။

Ref: CNA