နိုင်ငံအတွင်းသပိတ်မှောက်မှုများ ဖြစ်ပွားပါက စစ်ဘက်ကိုအကူအညီတောင်းရန် ဗြိတိန်အစိုးရပြင်ဆင်

နိုင်ငံအတွင်းသပိတ်မှောက်မှုများ ဖြစ်ပွားပါက စစ်ဘက်ကိုအကူအညီတောင်းရန် ဗြိတိန်အစိုးရပြင်ဆင်

 

နိုင်ငံအတွင်းရှိ အဓိကကျသော ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများမှ အလုပ်သမားများအနေဖြင့် သပိတ်မှောက်မှုများလုပ်ဆောင်လာပါက အစိုးရကစစ်ဘက်ကို အကူအညီတောင်းရန် ပြင်ဆင်ထားကြောင်း ဗြိတိန်အာဏာရ ကွန်ဆာဗေးတစ် ပါတီဥက္ကဋ္ဌက ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။

လက်ရှိတွင် နိုင်ငံပိုင် အမျိုးသားကျန်းမာရေးဌာနမှ သူနာပြုများနှင့် လူနာတင်ကားမောင်းသူ ထောင်ပေါင်းများစွာတို့က လစာနှုန်းထား၊  လုပ်ငန်းခွင်အခြေအနေတို့နှင့် ပတ်သက်၍ ယခုလနှောင်းပိုင်းတွင် အစိုးရကို သပိတ်မှောက်ရန် စီစဉ်ထားသည်။

အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကို ကာမိစေသည်အထိ လစာနှုန်းထားများကို တိုးမြှင့်မပေးနိုင်ကြောင်း၊ အကယ်၍ ထိုသို့တိုးမြှင့်ပေးလိုက်သည့်တိုင်အောင် အဆိုပါလစာတိုးမြှင့်ပေးမှုသည် ငွေကြေးဖောင်းပွမှုကိုသာ   ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် သပိတ်မှောက်မှုများကို

ရပ်တန့်ရန် တောင်းဆိုကြောင်း အကြိမ်ကြိမ်ပြောထားသည်။

အလုပ်သမားသမဂ္ဂတွေကို ကျွန်တော်တို့ပြောလိုတာက အခုအချိန်ဟာ သပိတ်မှောက်ရမယ့် အချိန်မဟုတ်ပါဘူး။ စေ့စပ်ညှိနှိုင်းရမယ့်အချိန်ပါ။ ဒါပေမဲ့ သပိတ်မှောက်မှုတွေ ဖြစ်လာရင်လည်း အစိုးရအနေနဲ့ကတော့    အရန်အစီအစဉ်ဆိုတာရှိပြီးသားပါဟု ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌ နာဒင်ဇာဟာဝီကပြောသည်။

ထို့ပြင် ၎င်းင်းတို့အနေဖြင့် စစ်ဘက်ကိုအကူအညီတောင်းရန် မျှော်လင့်ထားကြောင်း၊ စစ်သည်များအနေဖြင့် လူနာတင်ကားများကိုလည်း မောင်းနှင်ပေးနိုင်ကြောင်း ပါတီဥက္ကဋ္ဌကဆက်ပြောသည်။

ကွန်ဆာဗေးတစ်ပါတီ၏အတိုက်အခံ ပါတီဖြစ်သော လေဘာပါတီက အစိုးရအနေဖြင့်    အလုပ်သမားများနှင့်  စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

သပိတ်မှောက်သူများတွင်   ကျောင်းဆရာများလည်းပါဝင်ကာ စကော့တလန်မှ ကျောင်းဆရာများဆိုလျှင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအနေဖြင့် သပိတ်မှောက်မှုတွင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: CNA