ရုရှား၏နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာနှင့်ယူရိုအသုံးပြုမှု ထက်ဝက်နီးပါးအထိကျဆင်း

ရုရှား၏နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာနှင့်ယူရိုအသုံးပြုမှု ထက်ဝက်နီးပါးအထိကျဆင်း

ယခုနှစ်အတွင်း ရုရှား၏နယ်စပ်ကုန်သွယ်ရေးတွင်   အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးကို အသုံးပြုမှုသည် ထက်ဝက်နီးပါးဖြစ်သည့် ၅၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာကြောင်း ရုရှားဗဟိုဘဏ်ကထုတ်ပြန်ကြေညာထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသုံးငွေကြေး ဖြစ်သည့် ယွမ်ကို အသုံးပြုမှုသည် ပြီးခဲ့သည့်ကိုးလအတွင်း မထင်ထားလောက်အောင်မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လအတွင်း ရုရှားနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေအသုံးပြုမှုသည် ၃ ရာခိုင်နှုန်းသာရှိရာမှ နိုဝင်ဘာလတွင် ၃၃ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်

ကိုတွေ့ရသည်။

ကုန်သည်တွေက ရူဘယ်ပေးပြီး ယွမ်ကိုဝယ်ယူလာရုံသာမကဘဲ ဒေါ်လာ၊ ယူရိုနဲ့ပေးစရာရှိတာတွေကိုလည်း ယွမ်ငွေနဲ့သာ ပေးချေလာပါတယ်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးများ အသုံးပြုမှုကို တဖြည်းဖြည်းရှောင်ရှားကာ ပြည်တွင်းသုံးငွေကြေးများကို ပိုမိုအသုံးပြုလာသည်။

အလားတူ ရုရှားနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများကြား ကုန်သွယ်မှုပမာဏသည် မတ်လတွင် ရူဘယ်  ၆ ဒသမ ၅ ဘီလီယံရှိရာမှ

စက်တင်ဘာလတွင် ၃၉ ဒသမ ၄ ဘီလီယံအထိ ခြောက်ဆကျော်မြင့်တက်လာကြောင်း သိရသည်။                      

Ref: RT