အိန္ဒိယက ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာစေရေး ဦးတည်နေ

အိန္ဒိယက ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာစေရေး ဦးတည်နေ

အိန္ဒိယနိုင်ငံသည် ယခုဆယ်စုနှစ်အကုန်တွင် အမေရိကန်နှင့်တရုတ်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့တတိယမြောက်စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာစေရေး ဦးတည်နေကြောင်း သုတေသနအဖွဲ့နှစ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNBA သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး   (GDP) သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ပျမ်းမျှအားဖြင့် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း S&P Global အဖွဲ့က မျှော်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် ၂၀၃၁ ခုနှစ်အရောက်တွင် အိန္ဒိယနိုင်ငံ၏ GDP သည် လက်ရှိပမာဏထက်  နှစ်ဆတိုးမြင့်လာမည်ဖြစ်ကြောင်း   Morgan Stanley အဖွဲ့က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံက ပြည်ပရှိနိုင်ငံသားကုမ္ပဏီများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်  ရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းအင်ကူး ပြောင်းမှုနဲ့ အဆင့်မြင့်ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကြောင့်   စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာမယ့် အခြေအနေရှိနေပါတယ်။ အဲဒီအခြေအနေတွေကြောင့်ပဲ အိန္ဒိယနိုင်ငံက ကမ္ဘာ့ တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာမှာပါ ဟု   Morgan Stanley မှလေ့လာသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးမူဝါဒဖြေလျှော့ပေးမှုများ၊ အလုပ်သမားဈေးကွက်ပြုပြင်ပြောင်းလဲမှု၊ လူသားအရင်းအမြစ်နှင့် အခြေခံအဆောက်အအုံတို့တွင် ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဆက်လက် တိုးတက်နေမည်ဖြစ်ကြောင်း S&P Global အဖွဲ့မှလေ့လာသူများကပြောသည်။

အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အချက်အချာနေရာဖြစ်လာစေရေး၊ ကုန်ထုတ်လုပ်မှု ပင်မနေရာ ဖြစ်လာစေရေး အစိုးရ၏  အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ အဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း   လေ့လာ သူများက  သုံးသပ်ထားသည်ဟု  သိရသည်။

Ref: RT