မြိတ်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

မြိတ်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

မြိတ်၊ လူမှုရေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များအား မိသားစုနှင့် ပတ်ဝန်းကျင်တွင် ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍   မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက်က အဆိုပါကျောင်းရှိ   ပညာ ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသောင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးက သင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် သည်။

ထို့နောက် ထူးချွန်ဆုရရှိသူများကို တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက   ထူးချွန်ဆုများပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှ င့်လုပ်ငန်းများ၊ ဒဏ်ရာ အမျိုးမျိုးပြုစုနည်း၊ ပတ်တီးစည်းနည်းအမျိုးမျိုး၊ သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ အရည်အပူလောင်ခြင်း၊ သွေးဆုတ် သွေးလန့်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်း/တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ ဆို့နင့်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးစေရေး အသိပညာပေးသင်ခန်းစာ စသည့် ဘာသာရပ်များကို    သင်တန်းကာလလေးရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။           

ချမ်းမြေ့