လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများကို မွေးထုတ်ပေးလိုက်သည့် တပ်မတော်ဆေးတက္ကသိုလ်မှ သင်တန်းဆင်းဗိုလ်လောင်းများ၏စကားသံများ

လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများကို မွေးထုတ်ပေးလိုက်သည့်

တပ်မတော်ဆေးတက္ကသိုလ်မှ သင်တန်းဆင်းဗိုလ်လောင်းများ၏စကားသံများ

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တပ်မတော်ဆေးတက္ကသိုလ်၏ ရည်ရွယ်ချက် ဖြစ်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့်  ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည်နှင့်အညီ တပ်မတော်သား ဆေးဘက်ဆိုင်ရာ အရာရှိများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိရာ ယခုဆိုလျှင် အမှတ်စဉ်(၂၃)အထိ တိုင်ခဲ့ပြီဖြစ်သည်။ 

ဒီဇင်ဘာ  ၂၁  ရက်တွင် တပ်မတော်ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့်  အမှတ်စဉ်(၂၃)  ဗိုလ်လောင်း သင်တန်းမှ  တာဝန်ရှိသူနှင့်  သင်တန်းဆင်းဗိုလ်လောင်းများ၏ စကားသံများကို  ဖော်ပြပေးလိုက်ပါသည်။

ဒုတိယဗိုလ်မှူးကြီးစိုးသီဟ

(ဗိုလ်လောင်းတပ်ရင်းမှူး)

ဗိုလ်လောင်းတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ သန်မာမှုရှိစေဖို့ အဓိကလိုအပ်တဲ့ ကယ်လိုရီနဲ့  အာဟာရဓာတ်တွေပါဝင်တဲ့  အစားအစာတွေကို တွက်ချက်ပြီး ဗိုလ်လောင်းစားရိပ်သာမှာ လအလိုက် နြညက ရေးဆွဲပြီး ဗိုလ်လောင်းတွေရရှိတဲ့ ရိက္ခာအမယ်နှုန်းထားအတိုင်း ပြည့်ပြည့်၀၀နဲ့အာဟာရပြည့်၀ စွာစားသောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေး ပါတယ်။ ဝတ်စားဆင်ယင်မှုအနေနဲ့ ဗိုလ် လောင်းကာလ စတင်ဝင်ရောက်ချိန်မှာ စစ်သည်ဆောင်ပစ္စည်း(ထောက်-၂၅)တွေ ပြည့်ပြည့်စုံစုံရရှိဖို့၊ နှစ်စဉ် သက်တမ်းစေ့ပစ္စည်းတွေ အသစ်၊ အဟောင်းလဲလှယ်ရရှိဖို့ စီစဉ်ပေးပါတယ်။ တပ်ပြင်ထွက်ဝတ်စုံ၊ ဆောင်းရာသီဝတ်စုံ၊ ကျောင်းဆင်းပွဲစစ်ရေးပြဝတ်စုံတွေရရှိဖို့ ဆောင်ရွက်ပေးပါတယ်။ ဗိုလ်လောင်းတွေ  နေထိုင်ရေးအတွက်  ဗိုလ်လောင်းအိပ်ဆောင် လေးထပ်ဆောင်မှာ ပထမနှစ်ဗိုလ်လောင်းတွေကို   ဟောခန်း၊

ဒုတိယနှစ်ကနေ အလုပ်သင်နှစ်အထိ ဗိုလ်လောင်းတွေကို လေးယောက်ခန်း၊ သုံးယောက်ခန်း၊ နှစ်ယောက်ခန်း၊ တစ်ယောက်ခန်း စတဲ့နေထိုင်ရေးနဲ့ ရေ၊ မီးမပြတ်ရရှိစေရေး  စီစဉ်ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဗိုလ်လောင်းတပ်ရင်းမှာ ဗိုလ်လောင်းဆေးခန်းကို ကျောင်းတွင်းဌာနတွေက ပါရဂူ၊ ဆေးမှူးတွေကို အလှည့်ကျတာဝန်ချထားပြီး ဖွင့်လှစ်ထားရှိပါတယ်။ လိုအပ်ရင် နီးစပ်ရာဆေးရုံကြီးတွေဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ကုသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးပါတယ်။

ဗိုလ်လောင်းသင်တန်းအမှတ်စဉ် အလိုက် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင် နံနက်နဲ့ ညနေပိုင်းတွေမှာ ကြံ့ခိုင်ရေးသင်ခန်းစာတွေ သင်ကြားပေးခြင်း၊ လစဉ်ကြံ့ခိုင်ရေးဆန်းစစ်မှုတွေဆောင်ရွက်ခြင်း၊ ပြင်ပနည်းပြတွေနဲ့ ရေကူးအားကစားနည်းသင်ခန်းစာ၊ လက်ဝှေ့အားကစားနည်းသင်ခန်းစာတွေ စနစ်တကျသင်ကြားလေ့ကျင့်ပေးခြင်း စတာတွေဆောင်ရွက်ပေးပါတယ်။ ဒါ့ပြင် မြန်မာ့သိုင်းသင်ခန်းစာတွေ၊ ရိုင်ဖယ်ဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးသင်ခန်းစာတွေနဲ့ ကြိုက်နှစ်သက်ရာ အားကစားနည်းတွေ ပြုလုပ်စေခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်စေဖို့အတွက် အဖွဲ့အစည်း စိတ်ဓာတ်ရှိအောင်    သင်တန်းတပ်စိတ်အလိုက်     ယုံကြည်မှုလေ့ကျင့်ခန်းတွေ ဆောင်ရွက်စေခြင်း၊ အပတ်စဉ်သောကြာနေ့တိုင်း    ဗိုလ်လောင်းဆွေးနွေးပွဲတွေ ပြုလုပ်ပေးခြင်း၊ ဗိုလ်လောင်းပဋိညာဉ်ပါလိုက်နာရမယ့် စည်းကမ်းချက်တွေကို ချမှတ်ထားပြီး စနစ်တကျ လိုက်နာဆောင်ရွက်စေခြင်း၊ လစဉ် Professional and Personal Development အစီအစဉ်အရ အထူး ဟောပြောပွဲ အခမ်းအနားတွေဆောင်ရွက် ပေးခြင်း၊ ဆေးဘက်ဆိုင်ရာဝါရင့်၊ သမ္ဘာရင့်  တာဝန်ထမ်းဆောင်ဆဲ၊       အငြိမ်းစားပါမောက္ခချုပ်၊     ပါမောက္ခဌာနမှူးတွေက တာဝန်ထမ်းဆောင်ခဲ့မှု တစ်လျှောက် အတွေ့အကြုံကောင်းတွေကို ဂုဏ်ယူအားကျဖွယ်ဖြစ်အောင် ဆွေးနွေးပေးခြင်း၊ လစဉ်တိုင်းကျောင်းအုပ်ကြီးနဲ့      ဗိုလ်လောင်းတွေတွေ့ဆုံပြီး အခက်အခဲလိုအပ်ချက်တွေကို   ပွင့်ပွင့်လင်းလင်းတင်ပြစေပြီး ကူညီဖြေရှင်းခြင်းတို့ ဆောင်ရွက်ပေးပါတယ်။

ဗိုလ်လောင်းတွေရဲ့    အရည်အသွေး၊ အရည်အချင်းတွေတိုးတက်ကောင်းမွန်စေဖို့ ဗိုလ်လောင်းတွေ စစ်ပညာလေ့ကျင့်သင်ကြားချိန်တွေမှာ အရာရှိ Guardian တွေဖွဲ့စည်းပြီး အနီးကပ်စောင့်ကြည့် ကြပ်မတ်လေ့ကျင့်သင်ကြားပေးခြင်း၊ စစ်ပညာသင်ကြားမှုတွေမှာ ရရှိတဲ့အချိန်နဲ့ ထပ်ခါထပ်ခါ လေ့ကျင့်ဆောင်ရွက်နိုင်ခြင်း၊ ကျွမ်းကျင်မှု အားနည်းတဲ့ဗိုလ်လောင်းတွေ ကျွမ်းကျင်မှု ရှိလာတဲ့အထိ    သင်ခန်းစာအချိန်ပိုလေ့ ကျင့်သင်ကြားပေးနိုင်ခြင်း    စတဲ့အရည်အချင်း တိုးတက်ကောင်းမွန်လာစေဖို့ ပြုစုပျိုးထောင်ပေးပါတယ်။ ဒါ့ပြင် မိဘဆွေမျိုးတွေနဲ့  ဝေးကွာနေတဲ့   ဗိုလ်လောင်းတွေအတွက် စိတ်ပျော်ရွှင်စေရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။

ဗိုလ်လောင်းဟိန်းထွန်းဇော်

(အောင်စစ်သည်ဆု)

ကျွန်တော်က ဗိုလ်လောင်းအမှတ် ၅၅၈၅ ဗိုလ်လောင်း  ဟိန်းထွန်းဇော်ပါ။ ဇာတိက နေပြည်တော်ကောင်စီနယ်မြေ    ဇမ္ဗူသီရိမြို့နယ်ကပါ။  ကျွန်တော်  အောင်စစ်သည်ဆုရရှိဖို့ သင်တန်းစတက်တဲ့ ပထမနှစ်ကတည်းက ရည်ရွယ်ချက်ထားပြီး ကြိုးစားခဲ့ပါတယ်။  ဒီဆုရဖို့  စာပေပိုင်းမှာလည်း ဂုဏ်ထူးတွေနဲ့ ထူးထူးချွန်ချွန်အောင်မြင်အောင် ကြိုးစားရသလို လေ့ကျင့်ရေး ပိုင်းမှာလည်း စည်းကမ်းကောင်းမွန်ပြီး အမိန့်ကို နာခံတတ်အောင်     ကြိုးစားခဲ့ပါတယ်။ 

တပ်မတော်ဆေးတက္ကသိုလ်မှာ    နည်းပြဆရာတွေ၊     တက္ကသိုလ်ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေ၊    ပရော်ဖက်ဆာတွေအားလုံးက  သေသေချာချာသင်ကြားပြသပေးပါတယ်။ စာကို စနစ်တကျ လေ့လာနိုင်အောင် ဂရုတစိုက်သင်ကြားပေးပါတယ်။  

တပ်မတော်ဆေးတက္ကသိုလ်ကို   ခုနစ်နှစ်တက်ရပါတယ်။ ပထမနှစ်ကစပြီး နောက်ဆုံးနှစ်  အပိုင်း(ခ)အထိ  တပ်မတော်ဆေးတက္ကသိုလ်မှာပဲ နည်းပြဆရာတွေ၊ ဆရာမတွေနဲ့ သင်ကြားပို့ချပေးသလို ဆေးရုံတွေမှာ လူနာတွေကို သေချာပြုစုပြီး လူနာတွေနဲ့  လက်တွေ့သင်ကြားရပါတယ်။ နောက်ဆုံးနှစ် အပိုင်း(ခ)ပြီးသွားတော့ အလုပ်သင်ဆရာဝန်ဘဝမှာ ဆေးရုံမှာနေပြီး လေ့လာသင်ယူခဲ့ရပါတယ်။ ကျွန်တော် ဒီဆုရတာက အဓိက သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ကျေးဇူးကြောင့်ပါ။ ဒီဆုရဖို့ ကျွန်တော်  အများကြီးလေ့လာကြိုးစားအားထုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့နောက်ကဆင်းမယ့် ဂျူနီယာညီငယ်တွေကို ပြောချင်တာက သင်ကြားပို့ချပေးတဲ့စာကို ပုံမှန်လေ့လာကြပါ။ လေ့ကျင့်ရေးပိုင်းမှာလည်း ကောင်းမွန်စွာလုပ်ဆောင်ကြပါ။ ဒါဆိုရင်  လူတိုင်းက အောင်စစ်သည်ဆု မျှော်မှန်းနိုင်မှာပါ။  ကျောင်းဆင်းသွားတာနဲ့ ဆေးမှူးတစ်ယောက်ရဲ့တာဝန်တွေဖြစ်တဲ့ တပ်မတော်သားတွေနဲ့  မိသားစုဝင်တွေ၊ ပြည်သူလူထုအားလုံးကို   ကိုယ့်ရဲ့မိသားစုသဖွယ်   ဆေးကုသပေးသွားမှာပါ။   ကျန်းမာရေးဗဟုသုတ တိုးပွားလာအောင် အသိပညာဖြန့်ဝေပေးတာတွေ ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။

ဗိုလ်လောင်းမင်းခန့်ကျော်

(လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်တော်ကတော့ ဗိုလ်လောင်းအမှတ် ၅၅၆၃  ဗိုလ်လောင်း  မင်းခန့်ကျော်ဖြစ်ပါ တယ်။ ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ်ကနေ တပ်မတော်ဆေးတက္ကသိုလ် လာတက်တာပါ။ သင်တန်းမှာ လေ့ကျင့် ရေးထူးချွန်ဆုကိုရရှိခဲ့တာ  ဖြစ်ပါတယ်။ လေ့ကျင့်ရေးထူးချွန်ဆု ရရှိအောင်လည်း သင်တန်းသား ဘဝကနေစပြီးတော့ နောက် ဆုံး အလုပ်သင်ဆရာဝန်၊ အလုပ်သင်ဗိုလ် ဖြစ်တဲ့အထိ ကြိုးစားခဲ့ရပါတယ်။ ဆေး ဘက်ဆိုင်ရာဘာသာရပ်တွေ၊    စစ်ဘက် ဆိုင်ရာဘာသာရပ်တွေမှာလည်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အဓိက ကတော့     ထူးချွန်တဲ့တပ်မတော်သား ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစား

မယ်ဆိုတဲ့ဆန္ဒနဲ့  ကြိုးစားတက်ရောက်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်သားတွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့် ရှောက်မှုတွေကို အကောင်းဆုံးဆောင်ရွက် ပေးသွားမှာပါ။ ခုနစ်နှစ်တာကာလအတွင်း သင်ကြားခဲ့တဲ့ ဆေးပညာဘာသာရပ်တွေ ကို လက်တွေ့နယ်ပယ်မှာ မေတ္တာတရား ရှေ့ထားပြီး အကောင်းဆုံးဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။ တက္ကသိုလ်ဝင် တန်းအောင်မြင်ကြတဲ့ ညီငယ်တွေကိုလည်း  ဆရာဝန်ရော တပ်မတော်သားပါဖြစ်ခွင့်ရမယ့် တပ်မတော်ဆေးတက္ကသိုလ်ကို လာရောက်တက်စေချင်ပါတယ်။

ဗိုလ်လောင်းကျော်သူရ

(စာပေထူးချွန်ဆု)

ကျွန်တော်ကတော့   မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ကနေ လာရောက်တက်ဖြစ်တာပါ။  အစက တည်းကလည်း တပ်မတော်ဆေးတက္ကသိုလ်တက်ချင်ခဲ့တာ ပါ။ ပထမနှစ်ကတည်းက ကျွန်တော်စာပေ ထူးချွန်ဆုကိုရခဲ့တာပါ။ စာပေထူးချွန်ဆုရ ဖို့အတွက်လည်း     ပထမနှစ်ကနေစပြီး နောက်ဆုံးနှစ် အပိုင်း(ခ)အထိ ဂုဏ်ထူးတွေ ထွက်အောင် ကြိုးစားခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေနဲ့  စီနီယာတွေသင်ကြားပေး တဲ့  သင်ခန်းစာတွေကို နားထောင်ပြီးတော့ သေချာကျက်မှတ်ခဲ့ပါတယ်။ စာပေထူးချွန်ဆုရရှိခဲ့သလို  တိုင်းပြည်နဲ့လူမျိုးအတွက် လည်း ဆေးပညာအရာရှိကောင်းဖြစ်အောင်၊ ပြည်သူလူထုကရော   တပ်မတော်ကပါ အားထားရတဲ့ ဆရာဝန်ကောင်း၊  အရာရှိ ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစား သွားပါမယ်။ တပ်မတော်နဲ့ပြည်သူအားကိုး အားထားပြုရတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစား သွားမယ့်အပြင် ဆေးပညာဘာသာ ရပ်တွေ တိုးတက်လာအောင်လည်း လေ့လာပြီး ကြိုးစားဆောင်ရွက်သွားပါမယ်။

ဗိုလ်လောင်းကောင်းခန့်စည်သူ

(ကချင်တိုင်းရင်းသား)

ကျွန်တော်ကတော့ တပ်မတော်ဆေး တက္ကသိုလ်ကို ကချင်ပြည်နယ် မိုးကောင်း မြို့ကနေ လာရောက် တက်ဖြစ်တဲ့ ကချင်တိုင်းရင်းသားတစ်ယောက်    ဖြစ်ပါတယ်။ အဓိကကတော့   တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက် မှုပေးချင်တဲ့ရည်ရွယ်ချက်နဲ့ တက်ရောက် ခြင်းဖြစ်ပါတယ်။   ကျောင်းကသင်ကြား ပေးတဲ့ ဆေးပညာဘာသာရပ်တွေကိုလည်း တစ်နေ့စာတစ်နေ့  ပုံမှန်လေးကြိုးစားသင် ယူခဲ့ပါတယ်။ အခု ကျွန်တော်ကျောင်းဆင်းပြီဖြစ်တဲ့အတွက် တာဝန်ကျတဲ့နေရာဒေသ မှာရှိတဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို အားတက်သရော ဆောင်ရွက်ပေးသွား မှာပါ။ ဒါ့ပြင် တိုင်းပြည်အတွက်လည်း တာဝန်ကျေပွန်တဲ့      အရာရှိကောင်း တစ်ယောက် ဖြစ်အောင် နေထိုင်ကျင့်ကြံ သွားပါမယ်။ ကျွန်တော်တတ်စွမ်းတဲ့ ဆေး ပညာနဲ့ လက်တွေ့နယ်ပယ်မှာ အကောင်းဆုံးဖြစ်အောင်၊ တပ်မတော်နဲ့ ပြည်သူတွေ အားထားရတဲ့ ဆရာဝန်ကောင်းဖြစ်အောင် နေထိုင်သွားမှာပါ။

သတင်းအဖွဲ့(ရန်ကုန်)