ကော့ကရိတ်မြို့၊ ခင်နိမ်းမူဂိတ်(၃)သို့ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်၊ အပြစ်မဲ့ပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ကော့ကရိတ်မြို့၊ ခင်နိမ်းမူဂိတ်()သို့ KKO (ခွဲထွက်)အဖွဲ့နှင့် NUG CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်၊ အပြစ်မဲ့ပြည်သူ အမျိုးသား ဦးနှင့် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ - ၂၃

     ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၂၂ ရက်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဂိတ်အနီး အမှတ်(၇)ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

     ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ် ခန့်တွင် KKO(ခွဲထွက်)အဖွဲ့ နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဂိတ်၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်နှင့် မီတာ ၃၀၀ ခန့်အကွာနေရာများမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ဂိတ်အနီးရှိ အမှတ်(၇)ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တောင်ကလေးမြို့ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆက်လက် ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိသည်။

     အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။