(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပပြုလုပ်

၂၀၂၂ ၊ ဒီဇင်ဘာ(၂၄)ရက်

          (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်  မိုးအောင်နှင့်ဇနီး ဒေါ်အေးခိုင်ညွန့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီး များ၊ သန်လျင်တပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

          ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်းကျင်းပပြုလုပ်ရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေးချက်ရွတ်ဆိုခြင်းများဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေးပြတပ်ခွဲများအား စစ်ဆေးသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က (၇၅)နှစ်မြာက်စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှပြန် လည်ထွက်ခွာသည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အရာရှိကြီး များသည် အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ၎င်းတို့၏ဇနီးများနှင့် အတူ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်ရှိ သမိုင်းဝင်စစ်ရေယာဉ်(မေယု)ရှေ့၌ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။     

          ထို့အတူ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်း အမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား သန်လျင်တပ်နယ် မဟာနာဝါနီကဇယ မင်္ဂလာဗိမာန်တော်၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် ပထမကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ စန္ဒိမာဘိဝံသ(သန်လျင်မြို့)မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယက ဆရာတော်နှင့် သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက၊ ကျိုက်ခေါက်စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး ဒေါ်အေးခိုင်ညွန့်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင်တပ်နယ်မှအရာရှိကြီးများ တက်ရောက် ကြသည်။

          အစီအစဉ်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ အခမ်းအနားတက် ရောက်လာကြသူများသည် သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက၊ ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များ အားနာယူကြသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ် ပထမကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာစန္ဒိမာဘိဝံသ (သန်လျင်မြို့) မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်အရှင် သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။