ဘားအံ-ကော့ကရိတ်သွား လမ်းပေါ်ရှိ  သံကူကွန်ကရစ် အမျိုးအစားတံတားအား KKO (ခွဲထွက်)အဖွဲ့နှင့် PDFအမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီး

ဘားအံ-ကော့ကရိတ်သွား လမ်းပေါ်ရှိ  သံကူကွန်ကရစ် အမျိုးအစားတံတားအား KKO (ခွဲထွက်)အဖွဲ့နှင့် PDFအမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီး

နေပြည်တော်  ဒီဇင်ဘာ  ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံ-ကော့ကရိတ်သွား ကားလမ်း မိုင်တိုင်အမှတ်၊ ၁၁၁ နှင့် ၁၁၂ ကြား ငါးတိုင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ အရှည် ၄၆ ပေ၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၂ ပေ ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအား ယနေ့နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင်  KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဘားအံမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ သွားသည့် ကားလမ်း၏ညာဘက်ခြမ်းမှာ ၂ ပေပတ်လည်ခန့် ပေါက်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည် ပြင်ဆင်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။