၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပ ပြုလုပ်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅

         ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။

       ထိုသို့ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံစစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲ ကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးတပ်နယ်နှင့် ကွပ်ကဲမှုအောက်တပ်နယ် အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲ ကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ် စစ်ရေးပြကွင်းများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် ကွပ်ကဲမှုအောက်တပ်နယ် အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာန ချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်နှင့် ကွပ်ကဲမှုအောက်တပ်နယ် အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ် အားကစားကွင်းများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ် အားကစားကွင်းများ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တပ်နယ်စုပေါင်း တန်းစီကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် အားကစားကွင်း၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်စုပေါင်း တန်းစီကွင်းများ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးအလိုက် စုပေါင်း လမ်းလျှောက်ပွဲများကို နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးအနီးနှင့် တပ်နယ် အားကစားကွင်း တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုး ခန်းမရှေ့နှင့် တပ်နယ်စုပေါင်း တန်းစီကွင်းများ၌ လည်းကောင်း အသီးသီး ကျင်းပ ပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့် ခန်းများ ဆောင်ရွက်ခဲ့ကြသည်။

       အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ ဌာနများ၏ ဒီဇင်ဘာ အားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။