စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် အမှတ်စဉ်(၁၅၊၁၆၊၁၇၊၁၈၊၁၉) ကျောင်ဆင်းအရာရှိများ၏ ဆဌမအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် အမှတ်စဉ်(၁၅၊၁၆၊၁၇၊၁၈၊၁၉) ကျောင်ဆင်းအရာရှိများ၏ ဆဌမအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅

    စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ်(၁၅၊၁၆၊၁၇၊၁၈၊၁၉) ကျောင်းဆင်းအရာရှိ များ၏ ဆဌမအကြိမ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ အနော်ရထာခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၅)မှ(၁၉)အထိ ကျောင်းဆင်း အရာရှိများနှင့် ကန်တော့ခံ ဆရာကြီး၊  ဆရာမကြီးများ တက်ရောက်ကြသည်။

     အစီအစဉ်အရ စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ်(၁၅)မှ(၁၉)ထိ ကျောင်းဆင်း အရာရှိများ၏ကိုယ်စား အမှတ်စဉ်(၁၉)မှ ကျောင်းဆင်းအရာရှိတစ်ဦးက အာစရိယ ပူဇော်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

   ထို့နောက် စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ်(၁၅)မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေမှ ပေးပို့သည့် ကန်တော့ပန်းဆင် စာလွှာအား အမှတ်စဉ်(၁၅)မှ ကျောင်းဆင်းအရာရှိတစ်ဦးက ဖတ်ကြားပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သည့် ကန်တော့ပန်းဆင် စာလွှာအား အမှတ်စဉ်(၁၉)မှကျောင်းဆင်းအရာရှိတစ်ဦးက ဖတ်ကြားသည်။

   ဆက်လက်၍ စစ်တက္ကသိုလ်တွင် ပညာသင်ကြား ပြသပေးခဲ့ကြသော ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၅)မှ(၁၉)အထိ ကျောင်းဆင်းအရာရှိများက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီးနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီးတစ်ဦးက ဩဝါဒစကားပြောကြားကာ ကျောင်းဆင်းအရာရှိများက ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများအား ကန်တော့ ပစ္စည်းများ အသီးသီး ပေးအပ်ကြသည်။

   ယင်းနောက် အာစရိယပူဇော်ပွဲအတွက် လှူဒါန်းကြသော စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၅)မှ(၁၉)ထိ ကျောင်းဆင်းအရာရှိများနှင့် အလှူရှင်များအား အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး ကန်တောခံ ဆရာကြီး၊ဆရာမကြီးများနှင့် အတူ ကျောင်းဆင်းအရာရှိများ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။