အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ခရစ္စမတ်ပွဲတော် ဂုဏ်ပြုညစာစားပွဲ ကျင်းပ ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ခရစ္စမတ်ပွဲတော် ဂုဏ်ပြုညစာစားပွဲ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၆

        ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ပွဲတော်ဖြစ်သည့် ခရစ္စမတ်ပွဲတော် ကို ဒီဇင်ဘာ ၂၅ ရက် ညပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ နမ့်စန်မြို့နှင့် ကွန်ဟိန်းမြို့တို့ရှိ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်၊ ဓမ္မဆရာများ၊ ခရစ်ယာန်ဘာသာဝင်များ၊ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ခရစ်ယာန်ဘာသာဝင် စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ထို့နောက် ခိုလမ်မြို့ရှိ ခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာတော် က ခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ခရစ္စမတ်ဆုမွန်ကောင်းများတောင်းပေးသည်။ ယင်းနောက် တိုင်းမှူးက လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ၊ ဓမ္မဆရာ၊ ခရစ်ယာန်ဘာသာဝင် စစ်သည်၊ မိသားစုဝင်များနှင့် တက်ရောက်လာကြသူများအား  ခရစ္စမတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ၎င်းနောက် လူမျိုး ပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့နှင့် ခရစ်ယာန်ဘာသာဝင် စစ်သည်၊ မိသားစုဝင်များက ဓမ္မသီချင်းများ၊ ခရစ္စမတ် ဆုတောင်းသီချင်းများဖြင့် သီဆိုခဲ့ကြ ကြောင်း သတင်းရရှိသည်။