(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိသားစုပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိသားစုပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ  ၂၇ ရက်

          ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ကျရောက်ခဲ့သည့် တပ်မတော်(ရေ)၏ (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်(ရေ)ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ မိသားစု ပျော်ပွဲရွှင်ပွဲအား ဒီဇင်ဘာ(၂၄) ရက်မှ(၂၆)ရက်နေ့ထိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်းနှင့် သန်လျင် တပ်နယ်ရှိ တပ်နယ်ဘောလုံးကွင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။

          အဆိုပါ မိသားစုပျော်ပွဲရွှင်ပွဲသို့ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင် တက်ရောက်ခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများနှင့် မြန်မာ့လက်မှု ပညာပြခန်းတို့အား ကြည့်ရှုလေ့လာခြင်း၊ ရေတပ်စခန်းဌာနချုပ်အလိုက် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးသော အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့်  မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ အရောင်းဆိုင်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များမှ ဝယ်ယူအားပေးခြင်း၊ တပ်မတော်(ရေ)စစ်တီးဝိုင်း တပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများ၊ အနုပညာရှင်များနှင့် ရေတပ်စခန်းဌာနချုပ်အလိုက် သီဆိုကပြသည့် ပဒေသာကပွဲများ၊ တိုင်းရင်းသားရိုးရာ တေးသီချင်းအကအလှ တို့ဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခြင်းများတွင် ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်း ရရှိသည်။