အမျိုးသား ကန်တော်ကြီးဉယျာဉ်(ပြင်ဦးလွင်)သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက်များတွင် လာရောက် လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိ

အမျိုးသား ကန်တော်ကြီးဉယျာဉ်(ပြင်ဦးလွင်)သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက်များတွင် လာရောက် လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိ

နေပြည်တော်၊ ဒီဝင်ဘာ - ၂၇

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ များပြားလျက်ရှိခဲ့ပြီး (၁၅)ကြိမ်မြောက် ပန်းပွဲတော်(Bloo ming Fantasy) ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဉယျာဉ် (ပြင်ဦးလွင်) တွင် ဖွင့်ပွဲနေ့၊ ဒီဇင်ဘာ ၁၈ ရက်မှ ယနေ့အထိ ပြည်တွင်း/ ပြည်ပမှ ခရီးသွားပြည်သူ ၁ သိန်း ၆ သောင်းကျော်လာရောက်ကြည့်ရှုလေ့လာ အပန်းဖြေခဲ့ပြီး ယနေ့အချိန်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း သိရှိရသည်။

          အဆိုပါ အမျိုးသားကန်တော်ကြီးဉယျာဉ် (ပြင်ဦးလွင်)ရှိ ရေကန်များ သာယာလှပရေး၊ စိမ်းလန်း စိုပြေစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဉယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခမ်းခြောက်မှုများ မရှိစေရေးနှင့် ရေကန်များ ရေဝင်ရေထွက် ကောင်းမွန်စေရေးစသည့် ရေအရင်းအမြစ်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။