နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များ၊ တပ်မတော် ဘောလုံးစက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များ၊ တပ်မတော် ဘောလုံးစက်ရုံ၊ တပ်မတော် ဘီစကစ်နှင့် ခေါက်ဆွဲစက်ရုံများသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဒီဇင်ဘာ -၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အဖွဲ့ဝင်များနှင့်အတူ တပ်မတော်(ကြည်း)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်း လေ့ကျင့်ရေးရုံးရှိ သင်တန်းဌာနများအလိုက်ရုံးခန်းများ၊ သင်တန်းသား စာသင်ဆောင်များ၊ သင်တန်းခန်းမဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။
ထို့နောက် သင်တန်းရုံး ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ခေတ္တကျောင်းအုပ်ကြီး က တပ်တည်ဆောင်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး)သင်တန်းသူများနှင့်အတူ နေ့လယ်စာကို အတူ တကွ သုံးဆောင်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်း စိုက်ပျိုး/မွေးမြူရေးခြံများ သို့ သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်နှင့် DYLဝက်များ မွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုး မွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် မှော်ဘီမြို့ရှိ တပ်မတော်ဘောလုံးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းဝေး ခန်းမတွင် စက်ရုံမှူး ဒေါ်ကေသီ က စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင်များဖြင့်ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က စံချိန်စံညွှန်းမှီ အရည်အသွေး ကောင်းမွန်သော ဘောလုံး၊ဘော်လီဘော အမျိုးမျိူးကို များတုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိအသုံးပြုနေသောစက်များ နှင့် စွမ်းအားပြည့် ထုတ်ကုန် အရည်အသွေး မကျဆင်းစေ ဘဲ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်ပစ္စည်းများဈေးကွက်ရရှိရေးနှင့် ရောင်းအားမြှင့်တင်နိုင်ရေး၊ စက်များချွတ်ယွင်းမှုမရှိစေရေး၊ စက်များတာရှည် အသုံးပြုနိုင် ရေး နှင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေး အတွက် စနစ်တကျ စီမံဆောင်ရွက်ရန် စသည်ဖြင့် ဆွေးနွေးပြောကြားကာ သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဘောလုံးများ ထုတ်လုပ်နေမှု အဆင့်ဆင့်အား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စက်ရုံ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ရာ စက်ရုံမှူးက လက်ခံရယူသည်။
အဆိုပါ ဘောလုံးစက်ရုံသည် တစ်နှစ်လျှင် လူကြီးကန်ဘောလုံး ၇၄၀၀၀ လုံး၊ ဘော်လီဘော ဘော်လုံး ၆၂၀၀၀ လုံး၊ လူငယ်ကန်ဘောလုံး ၁၅၂၀၀၀ လုံး စုစုပေါင်း ၂၈၈၀၀၀ လုံးထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော် ဘီစကစ်နှင့် ခေါက်ဆွဲစက်ရုံ(မှော်ဘီ) သို့ရောက်ရှိရာ စက်ရုံ အစည်းဝေးခန်းမတွင် စက်ရုံမှုး ဗိုလ်မှူး ကျော်ဖြိုးဝေ (အငြိမ်းစား)က စက်ရုံ၏ သမိုင်းအကျဉ်း၊ ဘီစကစ်နှင့် ခေါက်ဆွဲများ ထုတ်လုပ်မှုအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)က စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အနံ့အရသာ၊ဆွဲဆောင်မှု စသည့် ပစ္စည်းအရည်အသွေး ကောင်းမွန်ရေး၊ ဈေးကွက်ရရှိရေး၊ ထုတ်ပိုးကုန်များစနစ်တကျနှင့် စားသုံးသူဆွဲဆောင်မှုရှိရေး၊ စက်စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးနှင့် စက်များရေရှည် အသုံး ပြုနိုင်ရေး စနစ်တကျစစ်ဆေးပြုပြင်ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ရေး တပ်မတော်သား မိသားစုများသာမက ပြင်ပဈေးကွက်ကိုပါ သက်သာသော ဈေးနှုန်းများ ဖြင့်ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်စသည်ဖြင့် ဆွေးနွေးမှာကြာပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဘီစကစ်များ နှင့် ခေါက်ဆွဲများ ထုတ်လုပ်နေမှု အဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ရာ စက်ရုံမှူးက လက်ခံရယူသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ်ရှိ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်သည် ရဲမေ လိုင်းခန်းများသို့သွားရောက်၍ ရဲမေ၊ မိသားစု များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များအားတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။