ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ -၂၇

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်း အုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စာပေဌာနနှင့်လေ့ကျင့်ရေးဌာန တို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော် များ တက်ရောက်ကြသည်။

  ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က  ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)မှ အကောင်းဆုံးဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်းအမှတ်၊ ၅၆  ဗိုလ်လောင်း သိမ့်နန္ဒာအောင် အား ဆုပေးအပ် ချီးမြှင့် သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည် ကဏ္ဍသည် ကျယ်ပြန့်လာသည့်အပြင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးပညာရှင် များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်များတွင် အမျိုးသမီးများ၏ စစ်မှုထမ်းဆောင်ခြင်း အခန်းကဏ္ဍသည် များပြားလာပြီး အခန်း ကဏ္ဍအလိုက် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း။

တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍမြင့်မားရေးကို အစဉ်တစိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘွဲ့ရအမျိုးသမီးအရာရှိ များကို ယခုအမှတ်စဉ်(၉)အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် မကြာမီ လက်တွေ့နယ်ပယ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်ရတော့မှာဖြစ်သည့်အတွက် တပ်မတော်၏မွန်မြတ်သည့် အစဉ် အလာကောင်းများ၊ သိသင့်သိထိုက်သည်များကို အလေးအနက်ထား မှာကြားလိုကြောင်း၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ “ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် အမျိုးသမီး စစ်မှုထမ်း(အရာရှိ)များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိကြောင်း။

 နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး မရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း အမျိုးသားစစ်မှုထမ်းများနည်းတူ ရင်ဘောင်တန်း ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထား လေ့ကျင့်ပေးလျက်ရှိကြောင်း။

             နိုင်ငံ၏သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် တစ်ထပ်တည်းတည်ရှိ နေကြောင်း၊ နိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးကာလ နှင့် ပါတီစုံဒီမိုကရေစီစနစ်ကာလများကို ဆူကြုံနိမ့်မြင့် ကြုံတွေ့ခဲ့ရပြီး တပ်မတော် သည်လည်း နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင် နိုင်ငံတော်နှင့်အတူ ယှဉ်တွဲ လိုက်ပါပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင် ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုသည် တပ်မတော်၏ သမိုင်းကြောင်းနှင့်အတူ ပါရှိလာ ခဲ့သည့် အစဉ်အလာ ကောင်းများပင်ဖြစ်ကြောင်း။

             တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလဖြစ်သည့် BIA၊ BDA ခေတ် တွင် လွတ်လပ်ရေးသည် ပထမ၊  လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ မှအစပြုပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် မူဝါဒ များအထိ နိုင်ငံ့အရေးမှန်သမျှကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါမူဝါဒများကို ပြန်ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက် တွင် ဖြစ်တည်ခဲ့သည့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များကို မူဝါဒများ အဆင့်ဆင့် ပြောင်းလဲချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

             လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံ့အရေးအတွက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက် ၂ ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး စသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်တို့ကို အားကြိုးမာန်တက် အကောင်အထည် ဖော်လျက်ရှိကြောင်း။

             တပ်မတော်သား အမျိုးသမီးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်တော့မည့် သူများဖြစ်၍ နိုင်ငံတော်၏သမိုင်း၊ တပ်မတော်၏ သမိုင်းကြောင်းများကို အသေးစိတ် သိရှိအောင် လေ့လာထားကြရန်လိုအပ်ကြောင်း၊  သို့မှသာ တပ်မတော်၏ အစဉ်အလာ ကောင်းသည့်သမိုင်းကြောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပြီး ကောင်းမွန် သည့် သမိုင်းကြောင်းများ ကမ္ပည်းတင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်သွားကြရန် လိုကြောင်း။

             မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက  လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့် စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ၁၉၅၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့ဝင်များမှ အမျိုးသမီး အရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရကြောင်း။

             တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာ အမျိုးသမီးထုပါဝင်နိုင်ရေး အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ရေးနှင့် တပ်မတော် တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် သင်တန်းကျောင်း များဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့အပြင် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီးအရာရှိများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိနိုင်ရေး ဆက်လက်ပညာဆည်းပူးသင်ကြားစေလျက်ရှိကြောင်း။

             တပ်ဖွဲ့အသီးသီး၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် တပ်ဖွဲ့တိုင်း၏ လုပ်ငန်းခွင်ပညာရပ်များကို လေ့လာဆည်းပူးသည့်နေရာတွင် တန်းမြင့် သင်တန်းများ၊ အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များမှတစ်ဆင့် သင်ယူလိုစိတ်၊ မှတ်သားလိုစိတ်၊ လေ့လာလိုစိတ်များဖြင့် လေ့လာသင်ယူသွားကြရမှာ ဖြစ်ကြောင်း၊ ထို့အပြင် စာပေပညာရပ်များကတစ်ဆင့်လည်း လေ့လာဆည်းပူးသွားကြရန် လိုအပ် ကြောင်း၊ သို့မှသာ လုပ်ငန်းခွင်အလိုက် ကျရာတာဝန်များကို ကျွမ်းကျင်စွာထမ်းဆောင် နိုင်မှာပင်ဖြစ်ကြောင်း။

             ယနေ့ မြန်မာ့တပ်မတော်တွင် အမျိုးသမီး စစ်မှုထမ်းအရာရှိ၊ စစ်သည်များ သည် (ကြည်း၊ ရေ၊ လေ) ရုံး၊ ဌာနများအပါအဝင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ ကျယ်ပြောလှသည့် ပင်လယ်သမုဒ္ဒရာ ကို မိုင်ထောင်ချီလှိုင်းကြီးလှေအောက် ဖြတ်ကျော်ပြီး ချစ်ကြည်ရေးခရီးစဉ်များနှင့် ပူးတွဲလေ့ကျင့်ခန်းများအတွက် သွားရောက်ခဲ့ကြသည့် စစ်ရေယာဉ်ခရီးစဉ်များ၊ မြန်မာ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်သူလူထုကို ဆေးကုသမှုပေးနေသည့် ခရီးစဉ်များတွင် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသကဲ့သို့ ပြည်ပနိုင်ငံ များကို သွားရောက်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့် တပ်မတော်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း ဆုတံဆိပ်အမျိုးမျိုးရရှိအောင် နိုင်ငံတကာ တပ်မတော်များနှင့် ယှဉ်ပြိုင်အနိုင်ယူသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ ထို့အပြင် အမျိုးသမီးအရာရှိအချို့သည် ကြမ်းတမ်းခက်ခဲသည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျေပွန်စွာထမ်းဆောင်နေကြသကဲ့သို့ တပ်မတော်(လေ) တွင်လည်း အမျိုးသမီးလေသူရဲအရာရှိများအဖြစ် ပျံသန်းရေးတာဝန်အမျိုးမျိုးကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း၊ စစ်သုံးလေထီးခုန်ခြင်း၊ အလွတ်ခုန်လေထီးခုန်ခြင်း စသည့် ရဲဝံ့သည့် လုပ်ငန်းတာဝန်များကိုလည်း အမျိုးသားအရာရှိ၊ စစ်သည်များနှင့် တန်းတူလိုက်ပါ တာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ယူစွာ တွေ့မြင်ရမှာဖြစ်ကြောင်း။

             မိမိတာဝန်ကျရာ တပ်ဖွဲ့အသီးသီးတွင် မည်သည့်တာဝန်များကို ထမ်းဆောင် ကြရသည်ဖြစ်စေ၊  တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် တာဝန်ကျရာတပ်ဖွဲ့ အသီးသီး၏ လုပ်ငန်းပိုင်းဆိုင် ရာတွင် အထူးကျွမ်းကျင်သူများဖြစ်အောင်ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း။

             အရာရှိငယ်များ ဖြစ်လာကြမည့်သူများ ဖြစ်သည့်အတွက် ခေါင်းဆောင်မှု ပညာရပ်များကိုလည်း အမိကျောင်းတော်ကြီးက သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်ကြားတတ်မြောက်ပြီးဖြစ်သည့် ခေါင်းဆောင်မှုပညာရပ်များကို လက်တွေ့ နယ်ပယ်တွင် တွေ့ကြုံရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်အသုံးချပြီး ခေါင်းဆောင် ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်းနှင့် နောက်လိုက် ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်မည်ဆိုသည်ကိုလည်း မမေ့မလျော့ဘဲ လက်တွေ့နယ်ပယ်တွင် စီနီယာအရာရှိများ၏ သွန်သင်ဆုံးမမှုအပါအဝင် အုပ်ချုပ်မှု ကိစ္စရပ်တိုင်းတွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသကဲ့သို့ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ သွားကြရန်လည်း မှာကြားလိုကြောင်း၊ ထို့အပြင် မိမိကွပ်ကဲမှုအောက်တွင်ရှိသည့် အရာရှိ၊ စစ်သည်များကို ညီညွတ်မျှတမှုရှိသည့် ခေါင်းဆောင်မှုပေးနိုင်ရန်လိုအပ်သလို မိမိတို့ကိုယ်တိုင်အနေဖြင့်လည်း လက်အောက်ကို ခေါင်းဆောင်မှုပေးနိုင်ရန် ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများကို တစ်သဝေမတိမ်း တိကျစွာ လိုက်နာရန် လိုကြောင်း၊ သို့မှသာ လက်အောက် အရာရှိ၊ စစ်သည်များ၏ အထင်ကြီးလေးစားမှုနှင့် အားကိုးယုံကြည်မှု အပြည့်အဝရရှိမှာဖြစ်ကြောင်း၊ ထိုသို့ အထက်အောက် အပြန်အလှန် ယုံကြည်ကိုးစားအားကိုးမှုရှိမှသာ မိမိအဖွဲ့အစည်းသည့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ချို့ယွင်းချက်မရှိ ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း။

             တပ်မတော်သားဖြစ်တာနှင့်အညီ အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းအတိုင်း နေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို တပ်မတော်တွင် တာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်လုံး လိုက်နာနေထိုင်သွားကြရမှာဖြစ် ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏အဓိကကျောရိုးမဏ္ဍိုင်ဖြစ်ပြီး စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှုရှိသည့် တပ်မတော်သားများဖြစ်အောင် နေထိုင်ကြရန် လိုကြောင်း၊ တပ်မတော်သားများသည် တပ်မတော်၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရသည့်အပြင် အရပ်ဘက်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း လိုက်နာကြရသူများ ဖြစ်ကြောင်း။

             ထို့အပြင် နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေများ ကိုလည်း သိရှိလိုက်နာကြရကြောင်း၊ သင်တန်းကာလအတွင်းမှာ စစ်စည်းကမ်း လိုက်နာပြီး အမိန့်နာခံမှုရှိစေရန် အခြေခံစစ်ရေးပြကစပြီး လေ့ကျင့်ပေးခဲ့ပြီး ဖြစ် ကြောင်း၊ တပ်မတော်သားများအနေဖြင့် ကိုယ်တိုင်စည်းကမ်းကို တိကျစွာလိုက်နာ စောင့်ထိန်းရပြီး မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျုးလွန်လျှင် လည်း မျက်ကွယ်ပြု၍မရဘဲ စစ်ဘက်၊ နယ်ဘက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် ရသည်ဆိုတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ ထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။

             တပ်မတော်၏ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်အနက် ပထမ လုပ်ငန်းစဉ်သည် လေ့ကျင့်ရေးနှင့် တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လေ့ကျင့်နေမှသာလျှင် စွမ်းရည်မြင့်မားသည့် တပ်မတော်ကြီး ဖြစ်လာမှာပင်ဖြစ် ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့် အတွက်  အရည်အသွေးပြည့်ဝစွာဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အဆင့်နှင့်လျော်ညီသည့် သင်တန်းများကို ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ သင်တန်းတိုင်းတွင် မိမိကိုယ်တိုင် ကြိုးစား အားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံမှုတို့ဖြင့် ကြိုးစားဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ သင်တန်းကာလတိုတောင်းသော်လည်း အရာရှိတစ်ဦးအတွက် သိသင့်သိထိုက်သည့် အသိပညာ၊ တတ်သင့်တတ်ထိုက်သည့် အတတ်ပညာနှင့် စည်းကမ်းတကျ လုပ်ကိုင်တတ်သည့် အရာရှိငယ်များအဖြစ် အခြေခံကောင်းအောင် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။

             ဘွဲ့ရပညာတတ်များဖြစ်ပြီး ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူဆောင်ရွက် ရမည့်သူများဖြစ်သည့်အတွက် ပိုမိုနားလည်နိုင်စွမ်းနှင့် လေ့လာဆည်းပူးနိုင်စွမ်းရှိရန် လိုကြောင်း၊ ကျောင်းက လေ့ကျင့်သင်ကြားပေးလိုက်သည့် ဘာသာရပ်များနှင့် လေ့ကျင့်ဆောင်ရွက်မှုများသည် အခြေခံမျှသာဖြစ်၍ လက်တွေ့လုပ်ငန်းခွင် နယ်ပယ် တွင် မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို လက်တွေ့အသုံးချနိုင်ရေးအတွက် ဆက်လက်လေ့လာ ဆည်းပူးကြရန်လိုကြောင်းနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိရန် အမြဲလေ့ကျင့်နေရမှာဖြစ်ကြောင်း။

             အသိပညာ၊ အတတ်ပညာသည် အကန့်အသတ်မရှိ ကျယ်ဝန်းခြင်းကြောင့် မိမိ၏ ကြိုးစားအားထုတ်မှု၊ လေ့ကျင့်မှုအပေါ်တွင် မူတည်ပြီး ကျွမ်းကျင်တတ်မြောက် လာမှာဖြစ်ကြောင်း၊ စစ်အခြေခံသဘောတရားနှင့် စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးကြရန်လိုကြောင်း၊ တစ်ဆင့်မြင့်သော ရာထူး တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ထပ်မံတက်ရောက်ရမည့် အခြားစစ်ဘက် သင်တန်းများတွင်လည်း ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်မှုတို့အပေါ်မူတည်ပြီး သင်တန်းဆင်း အဆင့်များ ကွာခြား သွားမှာဖြစ်ကြောင်း။

             မိမိ၏ ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး ရာထူးတိုးမြှင့်ရေးကိစ္စရပ်များ တွင် ကွာခြားသွားမည် ဖြစ်သည့်အတွက် မိမိကိုယ်ကို ကောင်းမွန်အောင်နှင့် မိမိဦးဆောင်ရသည့် အဖွဲ့အစည်းကောင်းမွန်အောင် ညီညွတ်မျှတသည့် အုပ်ချုပ်မှု ဖြစ်အောင် အမြဲကြိုးစားဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ တပ်မတော်ကို တိုက်ပွဲစွမ်းရည်၊ တိုက်ပွဲစွမ်းအားပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်လျက်ရှိ ကြောင်း၊ ထိုသို့ တည်ဆောက်သည့်နေရာတွင် စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေး အတွက် တပ်မတော်သားများနှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော် ဖြစ်စေရေးကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စွမ်းရည် ရှိသည့် တပ်မတော်ဖြစ်အောင် တပ်များ၏ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ လက်ရုံးရည်နှင့် နှလုံးရည်တိုးတက် မြင့်မားအောင် အကြိမ်ကြိမ် အခါခါလေ့ကျင့်ရေးကို တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပါ လေ့ကျင့်ဆောင်ရွက်နေကြရမှာ ဖြစ်ကြောင်း၊ တစ်ဦးချင်းအရည်အသွေးမြင့်မှ အဖွဲ့အစည်းတစ်ခုလုံး အရည်အသွေး မြင့်မား လာမည်ဖြစ်သည့်အတွက် တစ်ဦးချင်း အရည်အသွေး မြင့်မားလာအောင် တစ်ဦးချင်း လေ့ကျင့်ရေး (Individual Training)မှသည် အစုအဖွဲ့လိုက် စွမ်းရည် မြင့်မားလာအောင် အစုအဖွဲ့လိုက်လေ့ကျင့်ရေး (Collective Training)၊ မတူညီသည့် တပ်ဖွဲ့များ ပူးပေါင်းလေ့ကျင့်ရသည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (Joint Operation Training) များအထိ လေ့ကျင့်နေကြခြင်းဖြစ်ကြောင်း။

             ထို့ကြောင့် တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သည့် “ခေတ်မီတပ်မတော် ဖြစ်စေရန်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားတို့ ထက်မြက်ရေး” ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်တိုင်းတွင် စွမ်းစွမ်းတမံတက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြရန် အရေးကြီးကြောင်း၊ တစ်ဖက်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော် တစ်ရပ်ကို စဉ်ဆက်မပြတ် တည်ဆောက်ကြရမှာဖြစ်၍ တစ်ဖက်တွင်လည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် လွတ်လပ်ရေးရပြီးကပင် (၇၅)နှစ်တိုင်တိုင် ယနေ့ကာလ အထိ နယ်ချဲ့ကိုလိုနီလက်ဟောင်းများနှင့် လက်သစ်များပါ မိမိတို့တိုင်းပြည်အပေါ် နည်းမျိုးစုံသွေးခွဲမှုများကြောင့် ဝါဒရေးရာအယူအဆကွဲလွဲမှု၊ လူမျိုးရေးရာ အယူအဆ ကွဲလွဲမှု၊ ဘာသာရေးရာအယူအဆကွဲလွဲမှုများကတစ်ဆင့် တိုင်းရင်းသားညီအစ်ကို အချင်းချင်းသည် ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲ ဖြစ်နေမှုကိုလည်း အမြန်ဆုံး ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် မတူညီခြင်းကို ဘေးချိတ်တူသည်ကို တွဲချိတ် ပြီး ငြိမ်းချမ်းသာယာသော ပါတီစုံဒီမိုကရေစီနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း တစ်ပြိုင်နက် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ နှစ်ဖက်ထာဝရငြိမ်းချမ်းရေး မှသည် ပါတီစုံဒီမိုကရေစီကျင့်သုံးမှုနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအမြန်ဆုံးပေါ်ထွန်းလာစေရေး ဦးတည်ချက်ဖြင့် ထာဝရငြိမ်းချမ်းရေး အတွက်ဆွေးနွေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်၍ ဆွေးနွေး လျက်ရှိရာ ယခုဆိုလျှင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရာ အခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် ကိုလည်း ထာဝရငြိမ်းချမ်းရေးသမိုင်းကြောင်းများကို  သိရှိနားလည်အောင် အစဉ်အမြဲ ကြိုးစားလေ့လာနေကြရန်လိုကြောင်း။

             တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရမည့် အဓိကကာကွယ်ရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည်လည်း နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကကျသည့် ကာကွယ်ရေး အင်အားစုများပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် တပ်မတော် သားတိုင်းအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိရေးသည် အရေးကြီး သည့် အချက်ပင်ဖြစ်ကြောင်း၊  ကိုယ်စီရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေမှ စစ်ပညာ အတတ်ပညာများကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ် လေ့ကျင့်နိုင်မှာဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိပြီး မိမိနှင့်သက်ဆိုင်သည့် အတတ်ပညာကို ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ထားပါက ရဲစွမ်းသတ္တိရှိလာမှာဖြစ်ကြောင်း။

             တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုကောင်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကို ကျွမ်းကျင်ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီဆိုလျှင် လုပ်ငန်းခွင် လက်တွေ့နယ်ပယ် များ၊ တိုက်ပွဲများတွင် ရဲစွမ်းသတ္တိရှိသည့် စစ်သည်တော်ကောင်းများ အလိုလိုဖြစ်လာ မှာပင်ဖြစ်ကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများပီပီ ပိုင်ဆိုင်ထားသည့် စိတ်ဓာတ်ကြံ့ခိုင်မှု များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးက ယုံကြည်လေးစားအားထားရသည့် တပ်မတော်သားကောင်းများ ဖြစ်အောင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ အစဉ်ကြိုးစားသွားကြရန် အလေးအနက်ထားမှာကြားလို ကြောင်း။

             တပ်မတော်၏မွန်မြတ်သည့် အတိတ်သမိုင်းကြောင်း၊ အစဉ်အလာနှင့် ပစ္စုပ္ပန် ရပ်တည်ချက် အမှန်တရားကို သိရှိနားလည်ပြီး ပေးအပ်လာသည့် တာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကျေပွန်အောင် ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင် သွားကြရန်၊ တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် “အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်” တည်ဆောက်ရာတွင် ပေးအပ်လာသည့် တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် သွားကြရန်၊ ခေါင်းဆောင်ငယ်များအဖြစ် မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှုနှင့် ကြိုးစား အားထုတ်မှုကိုအခြေခံပြီး အထက်ကပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ သင်တန်းက သင်ကြားပေးလိုက်သည့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ပညာရပ်များနှင့် ခေါင်းဆောင်မှုပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန်၊ တစ်ဦးချင်း ကျန်းမာကြံ့ခိုင်မှု၊ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များတွင် ကျွမ်းကျင်မှုရှိပြီး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမျိုးသမီး အရာရှိကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

             ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

             စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် တပ်မတော်(ကြည်း ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်း သိမ့်နန္ဒာအောင်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း ဆုရည်ကျော်၊ ကြံခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း ခက်ခက်ဦး နှင့် စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ် လောင်း စိုးသော်တာလင်း တို့အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

             ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။

             ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

             ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း အရာရှိများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တက်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။