အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၈

       ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

         ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာ များအား ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရ ယူကြသည်။

        အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များနှင့် တပ်ရင်း/တပ်ဖွဲ့ များ၌လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ များအတွက် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။