မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ငြိမ်းချမ်း ရေးဓာတ်တော်တိုက် စေတီတော်တည်ဆောက်ရေးလုပ်ငန်းအတွက် စက်သုံးဆီများ လှူဒါန်း

မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ငြိမ်းချမ်း ရေးဓာတ်တော်တိုက် စေတီတော်တည်ဆောက်ရေးလုပ်ငန်းအတွက် စက်သုံးဆီများ လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

        ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဝန်းသိုဘုန်းတော်ကြီး ကျောင်းလမ်း၊ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းရေး ဓာတ်တော်တိုက်စေတီတော် တည်ဆောက်ရေးလုပ်ငန်းအတွက် စက်သုံးဆီများ လှူဒါန်းခြင်းကို ယနေ့တွင် မြစ်ကြီးနားမြို့၊ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက် ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက္ခိတဝန်းသိုကျောင်း တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စက်သုံး ဒီဇယ်ဆီ ၂၅၀၀ ဂါလန်နှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးနှင့် အလှူရှင်များက ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

        ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က သံဃာတော်များကို လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။