တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၇)တို့မှ သင်တန်းဆင်းသင်တန်းသား၊သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၉

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၇)တို့မှ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန် ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာ ပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ် ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြ သည်။

အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့်တပ်မတော်အရာရှိကြီးများ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်၌နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက ကျောင်းဆင်းသင်တန်းသား၊သင်တန်းသူတစ်ဦးချင်းစီအား ဆေးဝန်ထမ်းတာဝန် ခန့်အပ်လွှာပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ် သိမ်းခဲ့ကြောင်း သတင်းရရှိသည်။