မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ ရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ၁၆၄ ဦးအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေ မှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။