၂၀၂၁-၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်ပွဲပြုလုပ်

၂၀၂၁-၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်ပွဲပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

          ၂၀၂၁-၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူတပ်နယ်၊ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထိန်ဝင်း နှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့သည့် အားကစားသမားများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် အားကစားသမားများကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ဆုရရှိခဲ့သည့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။

          တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊လေ) အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း(၁၀)မျိုးတွင် ရွှေတံဆိပ်(၃၂)ဆု၊ ငွေတံဆိပ်(၂၄)ဆုနှင့် ကြေးတံဆိပ်(၃၂)ဆု ဆွတ်ခူးရရှိခဲ့ ကြောင်း သတင်းရရှိသည်။