(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းမြို့ရှိ တပ်မတော် ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းမြို့ရှိ တပ်မတော် ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရာက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ တပ်မတော်ဆေးရုံ၌ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် အမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသည်။

        ဦးစွာ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့သို့ သွေးလှူဒါန်းနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။