အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁

        အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားပြီး တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြတပ်ခွဲများက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက် ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က  စစ်သီချင်း၊ မြန်မာ့ သံစဉ်သီချင်းများနှင့် စွမ်းရည်ပြသတီးခတ်ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွင်း သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၊ အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းရေးဆုနှင့် စိုက်ပျိုးရေး/မွေးမြူရေးဆု ရရှိသူများ အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အားကစားပျော်ပွဲရွှင်ပွဲများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။