မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါး လတ်လှေတစ်စီးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါး လတ်လှေတစ်စီးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၁

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၏  အနောက် မြောက်ဘက် ရေမိုင် ၀ ဒသမ ၅ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင် နေကြောင်း သတင်းအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ၁၂ နာရီခန့်တွင် သွားရောက် ရှာဖွေစိစစ်ခဲ့ရာ သုခမောင်(၇)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသည့် အရပ်ဘက်ရေယာဉ်များနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၃ ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့်  ဆေးကုသမှု ခံယူရန်အတွက် မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိ သည်။