ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

နေပြည်တော်၊ ဇန်နဝါရီလ - ၂

          ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း    ဒေသတွင်း စားနပ်ရိပ်က္ခာ ဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ ထုတ် အသား၊ ငါးဗူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၃)မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နှင့် နမ့်စန်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နှင့် ကျောက်ထနောင်း မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃)၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်နှင့် စဉ့်ကူးမြို့၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။