ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

နေပြည်တော်၊ ဇန်နဝါရီ - ၂

          အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပ ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ဒေသခံပြည်သူ များစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အကြမ်းဖက် အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH၊ PDF အလိုမရှိ၊ မပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်း သံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် သတ်ဖြတ်နေမှုများ ချက်ချင်းရပ် စသည့် ကြွေးကြော် သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။