ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှ ပေးပို့သည့် ဝမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါ သမယတွင် ကမ္ဘောဒီးယားပြည်သူများနှင့်အတူ မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူ များထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နှုတ်ခွန်းဆက်သပါကြောင်း ပြောကြားလိုပါသည်။

 

လွန်ခဲ့သည့်နှစ်ပေါင်း (၆၇)နှစ်ကျော်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့ကို အခြေခံ၍ နွေးထွေးချစ်ကြည် သည့် ဆက်ဆံရေးများ ရှိခဲ့ကြပါသည်။ မိမိတို့နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် အခြားသော ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မူဘောင်အောက်မှ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

 

          အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုးတက်သာယာဝပြောစေရေးအတွက် ဆုမွန်ကောင်းပို့သအပ်ပါသည်။

 

          အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါသည်။

 

 

 

******