စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၁၃)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၃)

အမှတ်စဉ် (၁၃)

အခန်း ( ၃ )

ကျောက်မီးသွေးအရင်းအမြစ်

လူသားတွေအတွက် သဘာဝက ပေးထားတဲ့အထဲက အရေးကြီးတဲ့ ကျောက်မီးသွေးစွမ်းအင်အကြောင်းကို ဖော်ပြပါ့မယ်။ တွင်းထွက်ရုပ်ကြွင်းလောင်စာ (Fossil Fuel) စွမ်းအင်များရော၊ လေ၊ နေ၊ ရေစီးအား၊ ဘူမိအပူ၊ ပင်လယ်လှိုင်းစတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဟာ သဘာဝကပေးထားတဲ့ စွမ်းအင်တွေပဲ ဖြစ်တယ်။ နောင်မှာ လူသားတို့ တီထွင်ထုတ်လုပ်တဲ့ သစ်ပင်၊ သစ်စေ့များက ထုတ်ယူရရှိတဲ့ လောင်စာတွေဟာလည်း အားထားစရာ စွမ်းအင်တွေ ဖြစ်လာနေပါတယ်။

ကျောက်မီးသွေးဆိုတာဘာလဲ     

ကျောက်မီးသွေးဆိုတာကတော့ သဘာဝရုပ်ကြွင်း လောင်စာအခဲ ဖြစ်ပါတယ်။ နှစ်သန်းပေါင်းများစွာ မြေအောက် မှာ ဖိအားပေးခံထားရတဲ့ ရေမှော်ရုပ်ကြွင်း အစရှိတာတွေကနေ လောင်စာခဲများအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ကျောက်မီးသွေးမှာလည်း အပူစွမ်းအင် ထုတ်ယူနိုင်မှု မတူညီကြပါဘူး။ အမျိုးအစားတွေ ကွဲနေပါတယ်။ အပူ စွမ်းအင်ကို Calorific Value နဲ့ တိုင်းတာပါတယ်။ သဘာဝဓာတ်ငွေ့အခန်းမှာ ဒီယူနစ်အကြောင်း ရှင်းပြခဲ့ပြီးပါပြီ။

ကမ္ဘာ့ကျောက်မီးသွေးလက်ကျန်

တစ်ကမ္ဘာလုံး ကျောက်မီးသွေးလက်ကျန် အခြေအနေကတော့ ၂၀၁၄ ခုနှစ်ထိ ၁၁၀၀ ဘီလျံတန် ကျန်ရှိနေပါတယ်။ အချို့ကလည်း ၁၂၀၀ ဘီလျံတန်လို့ ခန့်မှန်းကြပါတယ်။ (Source; World Coal Association) ။ တစ်ကမ္ဘာလုံးရဲ့ လက်ကျန်အနက် အကြီးမားဆုံး ကျောက်မီးသွေးလက်ကျန်ရှိနေတဲ့ နိုင်ငံ ၁၀ နိုင်ငံကို ကောက်နုတ်ဖော်ပြပါမယ်။ ဒီ ၁၀ နိုင်ငံရဲ့အတည်ပြုနိုင်တဲ့ ကျောက်မီးသွေးလက်ကျန်ပမာဏ ဟာ ၂၀၁၂ ခုနှစ် စာရင်းအရ တစ်ကမ္ဘာလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ထိ ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ -

ကျောက်မီးသွေးအများဆုံး ထုတ်နေတာ ဘယ်သူတွေလဲ

တစ်ကမ္ဘာလုံးမှာ ဘယ်သူတွေက ကျောက်မီးသွေးအများဆုံး ထုတ်လုပ်နေသလဲဆိုတာကို လေ့လာတဲ့အခါ နိုင်ငံ ၁၀ နိုင်ငံက ကမ္ဘာရဲ့ ၉၀ ရာခိုင်နှုန်းထိနှစ်စဉ်တူးဖော် ထုတ်လုပ်နေတာကို တွေ့ရပြန်တယ်။ အဲ့ဒီနိုင်ငံတွေကတော့-

ဖော်ပြခဲ့တဲ့ဇယားနှစ်ခုကို လေ့လာရင် ကျောက်မီးသွေးသိုက်ပိုင်ဆိုင်မှု တတိယအဆင့်သာရှိတဲ့ တရုတ်နိုင်ငံဟာ ထုတ်လုပ်မှုမှာ ထိပ်ဆုံးရောက်နေပြီး တစ်ကမ္ဘာလုံး နှစ်စဉ်ထုတ်လုပ်မှုရဲ့ ၄၇ ရာခိုင်နှုန်းထိ မြင့်နေပါတယ်။ ဒါကလည်း ၂၀၁၂ ခုနှစ် တစ်နှစ်ထဲသာမက နှစ် ၃၀ လောက် ဦးဆောင်နေတယ်လို့ သိရပါတယ်။ နောက်ထပ် သတိထားစရာတစ်ခုက ကျောက်မီးသွေးသိုက်အကြွယ်ဝဆုံး ၁၀ နိုင်ငံထဲမှာမပါတဲ့ အင်ဒိုနီးရှားဟာ ထုတ်လုပ်မှုမှာ ကမ္ဘာ့နံပါတ် (၅) ဖြစ်နေပါတယ်။ ယူကရိန်းလည်း ဒီသဘောကိုတွေ့ရတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ၂၀၁၅ ခုနှစ် ကမ္ဘာ့ရာသီဥတုဆိုင်ရာညီလာခံမှာရော ၂၀၁၈ ခုနှစ် ကမ္ဘာ့ထိပ်သီးနိုင်ငံ ၂၀ (G 20)  အစည်းအဝေးမှာ ရော အသံအကျယ်ဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လေသံလွှင့်နေတဲ့ ဂျာမနီဟာ ကမ္ဘာ့အဋ္ဌမအကြီးဆုံး ကျောက်မီးသွေးထုတ်လုပ်သူ ဖြစ်နေတယ်ဆိုတာ အံ့သြစရာပါပဲ။ အမေရိကန်ကလည်း ဒီအတိုင်းပါပဲ။ သမ္မတ အိုဘားမား လက်ထက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကျောက်မီးသွေးသုံးစွဲပြီး လည်ပတ်မယ့် လျှပ်စစ်စက်ရုံတွေကို စီးပွားရေး မထောက်ပံ့ဘူးလို့ ပြောခဲ့တာ မှတ်မိကြမှာပါ။

ဒါပေမဲ့ အမေရိကန်ဟာ အိုဘားမားလက်ထက်မှာကတည်းက ကမ္ဘာ့နံပါတ်(၂) ကျောက်မီးသွေးအများဆုံး ထုတ်လုပ်သူ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာပါ။ ကမ္ဘာကျောက်မီးသွေးအများဆုံးသုံးစွဲတဲ့နိုင်ငံကမ္ဘာမှာ ဘယ်နိုင်ငံ တွေဟာ ကျောက်မီးသွေးအများဆုံး သုံးတယ်ဆိုတာ ဖော်ပြပါ့မယ်။

ဆက်လက်ဖော်ပြပါမည်။