ဒီဇင်ဘာလအတွင်း အလုပ်သမားအင်အားလျှော့ချမှုတွင် နည်းပညာကုမ္ပဏီများက အများဆုံးဖြစ်နေ

ဒီဇင်ဘာလအတွင်း အလုပ်သမားအင်အားလျှော့ချမှုတွင် နည်းပညာကုမ္ပဏီများက အများဆုံးဖြစ်နေ

ပီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်း အမေရိ ကန်နိုင်ငံရဲ့ အလုပ်သမားအင်အားလျှော့ချမှုမှာ နည်းပညာ ကုမ္ပဏီများက အများဆုံးဖြစ်နေတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားတာတွေ့ရပါတယ်။

၂၀၂၃  ခုနှစ်အတွင်းမှာ  စီးပွားရေးအကျပ်အတည်းတွေ့နိုင်ခြေက ရှောင်ပြေးလို့မရတဲ့ အခြေအနေ ဖြစ်နေတာကြောင့် ကုမ္ပဏီများက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုလိုမျိုး ဆုံးဖြတ်ချက်တွေ ချမှတ်နေတာပါ။

အခုလိုမျိုး  အလုပ်သမားအင်အားလျှော့ချမှုမှာမှ အမေရိကန်ကုမ္ပဏီများက အများဆုံးဖြစ်နေတယ်လို့လည်း အလုပ် အကိုင်အေဂျင်စီတစ်ခုဖြစ်တဲ့ ဃ့ေူူနညါနမç ွမပေ ရ ဃ့မငျအာေျ ကုမ္ပဏီက ဇန်နဝါရီ ၅ ရက်မှာထုတ်ပြန်ထားပါတယ်။

သူတို့ရဲ့  ထုတ်ပြန်ချက်ကိုကြည့်ရင် အမေရိကန်အခြေစိုက်ကုမ္ပဏီတွေက ဒီဇင်ဘာလမှာ အလုပ်သမားအင်အား ၄၃၆၅၁ ဦးကို လျှော့ချလိုက်တာတွေ့ရပါတယ်။

ဒါတောင်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အတွင်း တရားဝင်ထုတ်ပြန်ထားတဲ့ အလုပ်သမားအင်အားလျှော့ချမှုရဲ့ ၄၃ ရာခိုင်နှုန်း လျော့ကျလာတာပါ။

၂၀၂၂   ခုနှစ်  တစ်နှစ်လုံးအတွက် အလုပ်သမားအင်အားလျှော့ချမှု စုစုပေါင်းကတော့ ၃၆၈၃၂၄ ဦးအထိရှိပြီး ဒီပမာဏက ၂၀၂၁ ခုနှစ် တစ်နှစ်လုံးထက် ၁၃ ရာခိုင်နှုန်း ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

အဲဒီလို အလုပ်သမားအင်အားလျှော့ချမှုတွေထဲကမှ   အတက်အကျကြမ်းတဲ့ စတော့ဈေးကွက်အပါအဝင်   စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရတဲ့ နည်းပညာကုမ္ပဏီများရဲ့ ဒီဇင်ဘာလအတွင်း အလုပ်သမား အင်အားလျှော့ချမှုက ၁၆၁၉၃ ဦးရှိပါတယ်။

၂၀၂၂ ခုနှစ် တစ်နှစ်လုံးစာအတွက် နည်းပညာကုမ္ပဏီများက အလုပ်သမား အင်အားလျှော့ချမှုဟာ ၉၇၁၇၁ ဦးရှိတာ ကြောင့်  သူတို့အုပ်စုက  အလုပ်သမား အင်အားလျှော့ချမှု အများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့အလုပ်သမားအင်အားလျှော့ချမှုပမာဏက ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၆၄၉ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်တယ်လို့ အလုပ်အကိုင်အေဂျင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ  အလုပ်အကိုင်နေရာတွေ များစွာတိုးတက်လာပေမယ့်လည်း အလုပ်လက်မဲ့ ဖြစ်မှုနှုန်းက သမိုင်းတစ်လျှောက်စံချိန်တင်အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားပါတယ်။

အမေရိကန်ဗဟိုဘဏ်ကတော့ သူတို့အနေနဲ့ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်နိုင်ရေးအတွက် ကာလတို အတိုးနှုန်းတွေကို တိုးမြှင့်မှုဆက်လက်လုပ်ဆောင်ရဖွယ်ရှိတာကြောင့် အလုပ်လက်မဲ့ဖြစ်မှုနှုန်းက ၂၀၂၃ ခုနှစ်အတွင်းမှာ ဆက်လက်မြင့်တက် လာနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။

နိုင်ငံရဲ့အလုံးစုံစီးပွားရေးအခြေအနေက အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်နေပေမယ့်လည်း အလုပ်ရှင်တွေကတော့ စီးပွားရေးကျဆင်းမှု အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။   ၂၀၂၃  ခုနှစ်ဝင်လာတာနဲ့အမျှ ကုမ္ပဏီတွေက    ပိုမိုသတိထားလာရတဲ့အတွက်  အလုပ်သမားငှားရမ်းမှုနှုန်းကလည်း    ကျဆင်းလာပါတယ်လို့ အလုပ်အကိုင်အေဂျင်စီမှ ဒုတိယဥက္ကဋ္ဌ အန်ဒရူးချဲလန့်ဂျာကပြောပါတယ်။

အမေရိကန်အစိုးရကတော့  ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အလုပ်သမားငှားရမ်းရမှု အခြေအနေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဇန်နဝါရီ ၆ ရက်မှာ တရားဝင်ထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။        

ကိုထက်