ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီထံမှ ပေးပို့သည့် ဝမ်းမြောက်ကြော

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံအစိုးရအဖွဲ့၊ ပြည်သူများနှင့် မိမိ၏ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်းဖော်ပြလျက် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် တူညီသော ယဉ်ကျေးမှုစံနှုန်းများနှင့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အဆုံးအမများအပေါ် အခြေခံ၍ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် ကာလရှည်ကြာသော ချစ်ခင် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည်ကို ဝမ်းမြောက်စွာဖော်ပြလိုပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် လာမည့်နှစ်များတွင် နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာလာစေမည်ဟု မိမိအနေဖြင့် ခိုင်မြဲစွာ ယုံကြည်ပါသည်။

မြန်မာပြည်သူများ ငြိမ်းချမ်းပျော်ရွှင်သာယာဝပြောပါစေရန် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။