အထောက်အထားမဲ့ခိုးဝင်သူများ နယ်စပ်အနားပင်မကပ်ရန် အမေရိကန်သမ္မတသတိပေး

ဝါရှင်တန်၊ ရွှေ့ပြောင်းဒုက္ခသည်အရေး

အထောက်အထားမဲ့ခိုးဝင်သူများ နယ်စပ်အနားပင်မကပ်ရန် အမေရိကန်သမ္မတသတိပေး

အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန်ကြိုးပမ်းနေသည့် အထောက်အထားမဲ့ ခိုးဝင်သူများအနေဖြင့် နယ်စပ် အနားပင် မကပ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ကြောင်း သိရသည်။

နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင် ရွေးကောက်ခံရန်စိုင်းပြင်းနေသည့် ဂျိုးဘိုင်ဒင်အနေဖြင့် ခိုးဝင်မှုများကို ဆန့်ကျင်သည့် ရီပတ်ဘလစ်ကန်နှင့် လူ့အခွင့်အရေးကို ကောင်းစွာဆုပ်ကိုင်ထားသည့် ဒီမိုကရက် တို့၏ ဖိအားများနှင့်ရင်ဆိုင်နေရစဉ် အထောက်အထားမဲ့ခိုးဝင်သူများ အရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ သတိပေး လာခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒင်က ၎င်း၏အစီအစဉ်အသစ်ကို Title 42 ဟုအမည်ပေးထားပြီး ထိုအစီ အစဉ်အရ နယ်စပ်လုံခြုံရေး များအနေဖြင့် ကုန်းလမ်းမှရောက်ရှိလာသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို နောက်ကြောင်းပြန်လှည့်စေရန် လုပ်ဆောင်နိုင်သည်များဆောင်ရွက် နိုင်ရေးအတွက် ခွင့်ပြုချက်ပိုမိုရရှိသွားပြီဖြစ်သည်။

လူ့အခွင့်အရေးကိုအလေးထားသည် ဟုဆိုနိုင်သော ဒီမိုကရက်တို့အတွက်မူ ဂျိုးဘိုင်ဒင်က ချွေးသိပ်သည့်အနေဖြင့် ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ အရည်အချင်းပြည့်မီသည့် ရွှေ့ပြောင်းဒုက္ခသည် အယောက် ၃၀၀၀၀ အထိကို လစဉ် လက်ခံသွားမည်ဖြစ်ကြောင်း ပြောထားသည်။

ထိုရွှေ့ပြောင်းဒုက္ခသည်များအနေဖြင့် အမေရိကန်နိုင်ငံသို့   ဝင်ရောက်နိုင်ရေး အတွက် ၎င်းတို့၏ မိခင်နိုင်ငံမှနေ၍ ဦးစွာ လျှောက်ထားရမည်ဖြစ်ကာ နောက်ကြောင်း ရာဇဝင်စစ်ဆေးမှုကိုလည်း ခံယူရမည်ဖြစ် သည်။

အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များအရေးသည် ဒုတိယမြောက်သမ္မတသက်တမ်း အတွက် ပါဝင်ယှဉ်ပြိုင်လိုသည့် ဂျိုးဘိုင်ဒင် အဖို့ အဓိကကျသော နိုင်ငံရေးအားနည်းချက် တစ်ခုအဖြစ်ရှိနေကြောင်း သိရသည်။

Ref: Bangkok Post