(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများ၌ အများပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြပြီး အထူးစည်ကားလျက်ရှိ

(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများ၌ အများပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြပြီး အထူးစည်ကားလျက်ရှိ

 နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြသည့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးမှ ဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အစားစာအရောင်း ပြခန်းများအား နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက် ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတု လွတ်လပ်ရေး နေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူ များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုလျက်ရှိကြသဖြင့် အထူးစည်ကားလျက်ရှိ သည်။

ဂုဏ်ပြုယာဉ်များ

ပြပွဲများသို့ လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူများကို သတ်မှတ် နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များနှင့် ဝန်ကြီးဌာများအလိုက် ဂုဏ်ပြုယာဉ်များမှ တာဝန် ရှိသူများက ယာဉ်ပေါ်၌ ပြသထားသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရ              ဗဟုသုတများ၊ အထင်ကရနေရာများ၊ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင်များ၏ ရုပ်ထု များ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များကို နွေးထွေးပျူငှာစွာ လိုက်လံ ရှင်းလင်းပြသပေးကြရာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ကျောင်းသား လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများ စိတ်အားထက်သန် စွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြခန်းများ

ထို့ပြင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားကြသည့် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးမှ ပြခန်းများနှင့် ဝန်ကြီးဌာ နများ အလိုက်ပြခန်းများမှ တာဝန်ရှိသူများကလည်း ပြခန်းတွင် ပြသထားသည့် တိုင်းရင်း သားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ အပန်း ဖြေလည်ပတ်နိုင်သည့် အထင်ကရနေရာများ၊ ဒေသထုတ်ကုန်များ၊ နိုင်ငံတော်၏ သယံ ဇာတအရင်းအမြစ်များ၊  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ပြည်သူ့များကို ဝန်ဆောင်မှုများ ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို လိုက်လံ ရှင်းလင်းပြသပေးကြရာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

အတူတကွ ပျှော်ရွှင်စွာ စုပေါင်းဆင်နွဲ

          အဆိုပါ ပြခန်းများတွင် အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွ စေမည့် သီချင်းများ၊ ရိုးရာ အကအလှများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများရှေ့နှင့် ပြခန်းများရှေ့၌ ဖျော်ဖြေတင်ဆက်ကြရာ လာရောက် လေ့လာ ကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ သီဆိုကခုန်ပါဝင် ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် ပြပွဲသို့ လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီး များ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ဂုဏ်ယူ စွာ အမှတ်တရ ဓာတ်ပုံရိုက်ကြသူ အများအပြားကိုလည်း တွေ့ရသည်။

တိုင်းရင်းသားရိုးရာထုတ်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းချရလျက်ရှိ

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက်အစား            အသောက်များ၊  တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများကို  ပြည်သူများ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ပြည်သူများ စိတ်ဝင်တစားဖြင့် စားသောက်သူများ၊ ဝယ်ယူကြသူ များဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဝန်ကြီးဌာန များမှ ထွက်ကုန်ထုတ်ကုန် ပစ္စည်းများပြခန်းပေါင်း ၄၀ ခန်း၊ တိုင်းရင်းသားရိုးရာ ဒေသ ထွက် အစားအသောက်ပြခန်းပေါင်း ၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်း ဖြင့်ဖွင့်လှစ်၍ နေ့စဉ် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင်ပျမ်းမျှ တိုင်းရင်းသားရိုးရာဒေသထွက် အစားအစာ စုစုပေါင်း သိန်း ၅၀၀ ကျော်ခန့်၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက် ကုန်ပစ္စည်း များနှင့် ရိုးရာဝတ်စုံများ စုစုပေါင်း သိန်း ၁၀၀ ကျော်ခန့်  ထိ  ပစ္စည်းများ ပြတ်လပ်သည် အထိရောင်းချရလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥတ္တရခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ရံပုံငွေအရောင်း ဆိုင်များကလည်း စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းနှင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစားဝယ်ယူကြသူများ များပြားလျက်ရှိသည်။

ဖျော်ဖြေရေးအစီအစဉ်များ၌လည်း တခဲနက် ပါဝင်ဆင်နွဲလျက်ရှိ

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ စိတ်ဝင်တ စားဖြစ်စေရန် အတွက်လည်း ပြခန်းများတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိ ဖြေကြားသည့်အစီအစဉ်များ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ် များ နှင့် လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားသည်ကို တွေ့မြင်ရသည်။

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနု ပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့်လည်း ကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန် တက်ကြွ စေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အက အလှများပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည် တော်ရှိ လမ်းမကြီးများ၊ အဝိုင်းများတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအလံများကို ဂုဏ်ပြု စိုက်ထူထားပြီး ညပိုင်းတွင်လည်း ရောင်စုံမီးအလှအပများဖြင့် လှပစွာဂုဏ်ပြုထားရှိကြောင်း တွေ့ရှိရသည်။     

အရေးပေါ်အခြေအနေများနှင့် လုံခြုံရေးအတွက် အပြည့်အဝ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ

အဆိုပါဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အစား အစာ အရောင်းပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူများ အန္တရာယ်တစ် စုံတစ်ရာမဖြစ်ပေါ်စေရန် တပ်မတော်နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း လုံခြုံရေး အပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန်အတွက်  နေပြည်တော်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဆေးအဖွဲ့မှ  ဆေးခန်းဖွင့်လှစ်ထားရှိသည်ကို တွေ့ရသည်။

ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လာရောက်လေ့လာကြည့်ရှုကြသည့် ကျောင်း သားကျောင်းသူ၊ ပြည်သူများ  ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရန်အတွက် ပွဲတော် သို့လာသည့် လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။

မိဘပြည်သူများ (အခမဲ့) လာရောက်လေ့လာကြည့်ရှုအားပေးနိုင်

           အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း (၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြခန်း(၁၅)ခန်း၊ စုစုပေါင်းပြခန်း (၅၅)ခန်းနှင့် ဝန်ကြီးဌာနများ အလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် (၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ် (၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် (၁)စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်(၁)စီးနှင့် တပ်မတော်ကိုယ်စားပြု ဂုဏ်ပြု ယာဉ် (၅)စီး စုစုပေါင်း ဂုဏ်ပြုယာဉ် (၄၈) စီးတို့ကို ခင်းကျင်းပြသခြင်းနှင့် တိုင်းရင်းသား ရိုးရာ အစားအစာပြခန်း(၁၅)ခန်းတို့မှ အစားအစာရောင်းချခြင်းတို့ကို ဇန်နဝါရီ ၄ ရက်မှ စတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသပေးသွားမည်ဖြစ်၍  မိဘပြည်သူများ (အခမဲ့) လာရောက်လေ့လာကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။