ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်များဖြင့် Drop Bomb များ အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိ

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်များဖြင့်  Drop Bomb များ အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဇန်နဝါရီ ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များဖြင့်  Drop Bomb များ အကြောင်းမဲ့ပစ်ချတိုက်ခိုက် ခဲ့သဖြင့် ကလေးငယ် ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက် တို့မှ နေ၍  Drone ယာဉ်များဖြင့်  Drop Bomb ၇ လုံး အကြောင်းမဲ့လာရောက်ပစ်ချတိုက်ခိုက် ခဲ့သဖြင့် Drop Bomb ၆ လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာအတွင်း နေထိုင်သည့် အပြစ်မဲ့ပြည်သူများဖြစ်သည့် ဒေါ်သေးတင် (၆၂)နှစ်၊ ဒေါ်ညိုထွေး (၄၅)နှစ်၊ ဒေါ်ဖြူဖြူသွဲ့(၂၆)နှစ်၊ မောင်ဟိန်းထက်ဇော် (၁၇)နှစ်၊ မောင်ပြည့်စုံအောင် (၁၂)နှစ်၊ မောင်ဟန်မင်းထက် (၉)နှစ်နှင့် မောင်ပိုင်ပိုင်(၂)နှစ်တို့ ၇ ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

            ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများအား လုံခြုံရေးရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။